မြန်မာ ယူ၂၃ အသင်း ပါ၀င်ယှဉ်ပြိုင်မည့် လေးနိုင်ငံဘောလုံးပြိုင်ပွဲ

မြန်မာ ယူ၂၃ အသင်း ပါ၀င်ယှဉ်ပြိုင်မည့် လေးနိုင်ငံဘောလုံးပြိုင်ပွဲ
ဓာတ်ပုံ- MFF

 

ဇူလိုင် ၃၁ ။             ။ လေးနိုင်ငံ ဘောလုံးပြိုင်ပွဲ ALPINE CUP 2018 ကို လာမည့် သြဂုတ်လ ၁ ရက်မှ စတင်ကာ မန္တလေးမြို့တွင် ကျင်းပတော့မည် ဖြစ်သည်။

ထိုသို့ Alpine Cup ယှဉ်ပြိုင်ကစားမည့် မြန်မာ ယူ၂၃ အသင်းအား ထိုင်းပရီးမီးယားလိဂ်တွင် ကစားနေသည့် ရှေ့တန်းလူ အောင်သူက ဇူလိုင်လ ၃၁ ရက်မှ စတင်ကာ ပူးပေါင်းလေ့ကျင့်ပေးနေကြောင်း သိရသည်။

မြန်မာ ယူ၂၃ အသင်းသည် အဖွင့်ပွဲစဉ်အဖြစ် သြဂုတ်လ ၁ ရက်နေ့တွင် တောင်ကိုရီးယား ယူ၁၉၊ သြဂုတ်လ ၃ တွင် ဘာရိန်း ယူ၂၃၊ သြဂုတ်လ ၅ ရက်တွင် ထိုင်း ယူ၂၃ အသင်းတို့နှင့် ပွဲစဉ်များ ကစားရမည် ဖြစ်သည်။ တစ်နေ့လျှင် ပွဲစဉ် ၂ ပွဲဖြစ်ပြီး မြန်မာအသင်း၏ ပွဲစဉ်များမှာ ညနေ ၆ နာရီပွဲစဉ်များ ဖြစ်သည်။

တောင်ကိုရီးယား ယူ၁၉ အသင်းသည် ဇူလိုင်လ ၂၈ ရက်က မန္တလေးမြို့သို့ ရောက်ရှိလာပြီး ကြိုတင် လေ့ကျင့်မှုများ ပြုလုပ်နေသည်။

ဇူလိုင် ၂၅ ရက်နေ့မှ စတင်ကာ ဗထူးအားကစားကွင်းနှင့် မန္တလေး ဘောလုံးအကယ်ဒမီတို့တွင် Alpine Cup 2018 ပွဲစဉ်များအတွက် လက်မှတ်များကို စတင်ရောင်းချပေးနေပြီး လက်မှတ်မှာ ၂၀၀၀ ကျပ်၊ ၃၀၀၀ ကျပ် ဖြစ်သည်။

မြန်မာ ယူ၂၃ အသင်းပွဲစဉ်များကို MRTV နှင့် For Sport ရုပ်သံတို့တွင် တိုက်ရိုက် ပြသပေးသွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly