အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင်နှင့် ကင်မရွန်းအသင်း ဆွေးနွေးနေ

အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင်နှင့် ကင်မရွန်းအသင်း ဆွေးနွေးနေ

ဇူလိုင် ၃၁၊ ယာအွန်ဒီ။         ။ လက်ရွေးစင်အသင်းနည်းပြရာထူးအတွက် အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင်နှင့် ဆွေးနွေးနေသည်ဟု ကင်မရွန်း ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့သည်။

ဟူဂို ဘရူးစ်ထွက်ခွာသွားပြီးနောက် နည်းပြသစ်ရှာဖွေနေသည့် ယာအွန်ဒီမြို့အခြေစိုက် ကင်မရွန်းဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများသည် အသက် ၇၀ အရွယ် ဆွီဒင်လူမျိုး အဲရစ်ဆင်နှင့် ဆွေးနွေးနေရာ အခြေအနေကောင်းလျှက်ရှိသည်။

“၇၂ နာရီလောက်နေခဲ့ပြီးနောက် အဲရစ်ဆင်ဟာ ယာအွန်ဒီကနေ စနေနေ့မှာ ပြန်သွားပါတယ်။ လက်ရွေးစင်အသင်းနည်းပြ နေရာအတွက် ဆွီဒင်နည်းပြကို ဖိတ်ထားတာပါ။

အဲရစ်ဆင်အပြင် တခြားကမ်းလှမ်းထားသူတွေကိုလည်း အင်တာဗျူးပြီးပြီဖြစ်လို့ အဖွဲ့ချုပ်အနေနဲ့ မကြာမီ နည်းပြသစ်ကို ရွေးချယ်ခန့်အပ်သွားမှာဖြစ်ပါတယ်”ဟု ကင်မရွန်းဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

အင်္ဂလန်အသင်းကို ၂၀၀၁ မှ ၂၀၀၆ အထိကိုင်တွယ်ခဲ့သည့်အဲရစ်ဆင်သည် လာဇီယို၊ မန်စီးတီး၊ လက်စတာအသင်းတို့ကိုလည်း ကိုင်တွယ်ဖူးပြီး ကင်မရွန်းအသင်းကိုတာဝန်ယူဖြစ်ပါက တစ်လ ယူရို ၇၁, ၀၀၀ ရရှိမည်ဖြစ်ကာ လက်ထောက်နည်းပြအဖြစ် ကင်မရွန်းလူမျိုးတစ်ဦးကို ခန့်အပ်လိမ့်မည်ဟု ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly