နိုင်ငံခြားအလုပ်သမားများ၏ နေထိုင်ခွင့်အချိန်ကာလကန့်သတ်ချက် ထိုင်ဝမ်အစိုးရ ဖယ်ရှားဖွယ်ရှိ

နိုင်ငံခြားအလုပ်သမားများ၏ နေထိုင်ခွင့်အချိန်ကာလကန့်သတ်ချက် ထိုင်ဝမ်အစိုးရ ဖယ်ရှားဖွယ်ရှိ

တိုင်ပေ၊ စက်တင်ဘာ-၄ ။          ။ နိုင်ငံခြားအလုပ်သမားများ ထိုင်ဝမ်တွင် နေထိုင်နိုင်သည့် အချိန်ကာလ ကန့်သတ်ချက်ကို ဖယ်ရှားမည့် အလုပ်ခန့်ထားမှုအက်ဥပဒေ ပြင်ဆင်ချက်ကို ဥပဒေပြုလွှတ်တော် တွင်ဆွေးနွေးမည်ဖြစ်ပြီး မကြာမီကာလ တတိယအကြိမ်မြောက် ဖတ်ကြားမှုတွင် အတည်ပြုနိုင်ကောင်းသည်ဟု ဆိုသည်။

စက်တင်ဘာလလယ်တွင် ကျင်းပမည့် နောက်တစ်ကြိမ် ဥပဒေပြုဆွေးနွေးပွဲတွင် အလုပ်သမားဥပဒေ ပြန်လည်သုံးသပ်ပြင်ဆင်မှုကို ဦးစားပေးအနေဖြင့် ဆွေးနွေးရန် ပါတီအားလုံးက တညီတညွတ်တည်း သဘောတူခဲ့ကြသည်ဟု ဆိုသည်။

လက်ရှိဥပဒေအရ နိုင်ငံခြားအလုပ်သမားများမှာ ထိုင်ဝမ်တွင် ၃နှစ်နှင့်အထက်အထိ နေထိုင်လုပ်ကိုင်နိုင်ပြီး  ထိုကာလပြီးဆုံးပါက အများဆုံး ၁၂နှစ်အထိ နေထိုင်နိုင်သည့် သက်တမ်းအသစ်အတွက် ပြန်လည်လျှောက်ထားနိုင်သည်။

လက်ရှိ ထိုင်ဝမ်တွင် နိုင်ငံခြားအလုပ်သမား ၅၈၀၀၀၀ရှိရာ ယင်းတို့အနက် ၃၈၀၀မှာ ၉နှစ်မှ ၁၂နှစ်အထိ နေထိုင်လာခဲ့သူးများ ဖြစ်ပြီး အကယ်၍ လွှတ်တော်တွင် အတည်ပြုလိုက်ပါက ထိုအုပ်စုမှာ ပြင်ဆင်ချက်၏ အကျိုးကျေးဇူးကို ပထမဆုံးခံစားရမည့်သူများပင် ဖြစ်သည်။

အဆိုပြုထားသည့် ပြင်ဆင်ချက်အရ ကုမ္ပဏီက အလုပ်သမားတစ်ယောက်ကို မရှိမဖြစ်လိုအပ်သည်ဟု ယူဆနေပါက ထိုအလုပ်သမားမှာ နိုင်ငံခြားသားအလုပ်သမားတစ်ယောက်တွင် ရှိရမည့် ဘာသာစကားကျွမ်းကျင်မှု၊ အလုပ်ကျွမ်းကျင်မှုနှင့် လစာအဆင့်များ ရှိရမည်ဖြစ်သည်။

စည်းမျဉ်းအရ ၁၂နှစ်ကျော်ကာလအထိ နေထိုင်ခွင့်ပြုရန်အတွက် လစာတိုးမှုလည်း လိုအပ်မည်ဖြစ်သည်ဟု အလုပ်သမားဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပြင်ဆင်ချက်အဆိုပြုမှုကို အလုပ်သမားဝန်ကြီးဌာနှင့် အာဏာရ ကူမင်တန်ပါတီတို့ အကြိတ်အနယ် ဆွေးနွေးသဘောတူခဲ့ကြခြင်းဖြစ်ပြီး ဥပဒေပြုလွှွှတ်တော်တွင် အတည်ပြုနိုင်ရန်မှာမူ ဒီမိုကရတ်တစ်တိုးတက်ရေးပါတီ (DPP)၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်မည်ဖြစ်သည်။

နိုင်ငံခြားအလုပ်သမားများ ခန့်ထားသည့် အလုပ်ရှင်အတော်များများက လက်ရှိဥပဒေ၏ အဆင်မပြေမှုများကို မကျေမနပ် ညည်းတွားနေကြသည်။

ဥပမာအားဖြင့် အိန်ထိမ်းအလုပ် လုပ်ကိုင်သူများမှာ မိသားစုတစ်စုချင်းစီနှင့် ပတ်သက်သည့် တစ်မူထားခြားသော ကျွမ်းကျင်မှုများရှိထားရန် လိုအပ်သောကြောင့် အလုပ်ရှင်များထက် သာမန်ထက် ပိုမိုယုံကြည်ရသော ဆက်ဆံရေးကို တည်ဆောက်ကြရလေ့ရှိသည်။ ထို့ကြောင့် အလုပ်သမားများ သက်တမ်းစေ့၍ ပြန်သွားကြသည့်အခါ အလုပ်ရှင်များမှာ အဆင်မပြေဖြစ် ကျန်ရစ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly