လန်ဒန်မြို့၌ အတူလျှောက်လည်ခဲ့သည့် ရောဘတ်ပတ်တီဆန်နှင့် ဆူကီဝါးထားဟောက်စ်

လန်ဒန်မြို့၌ အတူလျှောက်လည်ခဲ့သည့် ရောဘတ်ပတ်တီဆန်နှင့် ဆူကီဝါးထားဟောက်စ်

 

ဇူလိုင် ၃၁ ။      ။ Twilight သွေးစုပ်ဖုတ်ကောင် ဇာတ်လိုက်မင်းသား ရောဘတ်ပတ်တီဆန် (အသက် ၃၂ နှစ်)နဲ့ ဆူကီဝါးထားဟောက်စ် (အသက် ၂၆ နှစ်)တို့ တွဲနေကြပြီလို့ PEOPLE ကပြောပါတယ်။

ကြည်ကြည်နူးနူးနဲ့ လမ်းလျှောက်နေတဲ့ ၎င်းတို့နှစ်ယောက်ကို ပြီးခဲ့တဲ့အပတ်က လန်ဒန်မြို့မှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။

ပတ်တီဆန်နဲ့ ဝါးထားဟောက်စ်တို့ဘက်ကတော့ PEOPLE ကိုဘာမှပြန်မပြောသေးဘူးလို့ သိရပါတယ်။

နှစ်နှစ်ကြာတွဲခဲ့တဲ့ အဆိုတော်အဖ်ခေအေတွစ်စ်နဲ့ စေ့စပ်ထားတာကို ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ ဖျက်သိမ်းခဲ့တဲ့ ပတ်တီဆန်ဟာ ဒီရက်ပိုင်းမှာမှ ဝါးထားဟောက်စ်နဲ့ စတွဲတာဖြစ်ပါတယ်။ တွစ်စ်နဲ့မတွဲခင်မှာ Twilight ဇာတ်လိုက်မင်းသမီး ခရစ္စတင်စတီဝါ့ဒ်နဲ့လည်း အကြာကြီး တွဲခဲ့ပါတယ်။

ဝါးထားဟောက်စ်ကို ၂၀၁၈ နှစ်ဆန်းပိုင်းရဲ့ Sundance ရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာ ဒါရန်အရိုနော့ဗ်စကီနဲ့အတူ တွေ့ခဲ့ပေမယ့် နှစ်ယောက်လုံးက မတွဲကြဘူးလို့ ဖြေရှင်းခဲ့ပါတယ်။

ဝါးထားဟောက်စ်ဟာ ဘရက်တလေကူးဘားနဲ့ နှစ်နှစ်ကြာတွဲခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ပြတ်သွားတာဖြစ်ပါတယ်။ ဒီနောက်မှာတော့ ဒေဂိုလူနာနဲ့ ၂၀၁၇ ခုနှစ်မတိုင်ခင်အထိ တွဲခဲ့တယ်လို့ သိရပါတယ်။   

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly