မကြာခင် ကျင်းပတော့မယ့် ALPINE CUP 2018 လေးနိုင်ငံဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားဖို့အတွက် ထိုင်းပရီးမီးယားလိဂ်မှာ ကစားနေတဲ့ တိုက်စစ်မှူး အောင်သူဟာ မြန်မာ ယူ ၂၃ အသင်းနဲ့အတူ စတင်ပူးပေါင်းပါဝင် လေ့ကျင့်မှုများ ပြုလုပ်နေပြီလို့ သိရပါတယ်။
မန္ထလေးမြို့မှာ ALPINE CUP 2018 လေးနိုင်ငံဘောလုံးပြိုင်ပွဲကို သြဂုတ်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာပါ။
မြန်မာ ယူ ၂၃ အသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁ ရက်နေ့မှာ တောင်ကိုရီးယား ယူ ၁၉၊ သြဂုတ် ၃ မှာ ဘာရိန်း ယူ ၂၃၊ သြဂုတ် ၅ မှာ ထိုင်း ယူ ၂၃ အသင်းတို့နဲ့ ပွဲစဉ်တွေကို ကစားရမှာဖြစ်ပါတယ်။
Alpine Cup 2018 ပွဲစဉ်များအတွက် လက်မှတ်များကို ဗထူးကွင်းနဲ့ မန္တလောသီရိကွင်းမှာ ရောင်းချနေပြီး လက်မှတ်ဈေးနှုန်းများတွေကတော့၂၀၀၀ နဲ့ ၃၀၀၀ ကျပ်ဖြစ်ပါတယ်။
မြန်မာ ယူ၂၃ အသင်းပွဲစဉ်များကို MRTV နဲ့ For Sport ရုပ်သံတို့မှာ တိုက်ရိုက်ပြသပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref; MFF