ရန်ကုန်တိုင်းရှိ မြို့နယ် ဒါဇင်ကျော် အချိန်ပိုင်း မီးပြတ်မည်

ရန်ကုန်တိုင်းရှိ မြို့နယ် ဒါဇင်ကျော် အချိန်ပိုင်း မီးပြတ်မည်

ဇူလိုင် ၃၀ ။           ။ ရန်ကုန်မြို့ရှိ မြို့နယ်အချို့တို့တွင် လာမည့် ဇူလိုင်လ ၃၁ ရက်နှင့် သြဂုတ်လ ၂ ရက်နေ့တို့၌ အချိန်ပိုင်း လျှပ်ဓာတ်မီးပြတ်တောက်မည်ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) မှ ထုတ်ပြန် ကြေညာထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် (၆၆)ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ ရေရှည်ဓာတ်အား တည်ြငိမ်ပြည့်ဝစွာ ပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သော (၁၁)ကေဗွီ ဓာတ်အား လိုင်းကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်း လုပ်ငန်းများကို  အဆိုပါ ရက်များအတွင်း မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ဆောင်ရွက်မည်ဖြစ်သောကြောင့် မီးပြတ်နိုင်ကြောင်း သတိပေးထားခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောက်တံတား၊ ပန်းဘဲတန်း၊ အလုံ၊ စမ်းချောင်း၊ လှိုင်၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ မရမ်းကုန်း၊ လမ်းမတော်၊ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ထောက်ကြန့်၊ တိုက်ကြီး မြို့နယ်များတွင်  မီးပြတ်မှု အနည်းငယ်ရှိမည်ဟု YESC မှ ထုတ်ပြန်သည်။

ထိုသို့လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရခြင်း ဖြစ်ပါသဖြင့် ယာယီဓာတ်အားပြတ်တောက်ရခြင်းအတွက် လူမှုရေးအခက်အခဲများ ပေါ်ပေါက်လာနိုင်မှုများအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags