နိုင်ငံတကာလူငယ်များနေ့အထိမ်းအမှတ် "လူငယ့်စေတမာန်" အခမ်းအနားကျင်းပမည်

နိုင်ငံတကာလူငယ်များနေ့အထိမ်းအမှတ် "လူငယ့်စေတမာန်" အခမ်းအနားကျင်းပမည်

 

ရန်ကုန်   ဇူလိုင်   ၃၀ ။              ။ ၂၀၁၈ ခုနှစ်၊ နိုင်ငံတကာလူငယ်များနေ့အထိမ်းအမှတ် "လူငယ့်စေတမာန်" အခမ်းအနားကို လာမည့် သြဂုတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအခမ်းအနားကို မြန်မာနိုင်ငံဆရာဝန်များအသင်း (လူငယ်စီမံချက်)က ဦးဆောင်ကျင်းပမည်ဖြစ်ပြီး ကျင်းပမည့်လူငယ်အစီ နှင့်ပတ်သက်၍ ဇူလိုင်လ ၃၀ ရက်နေ့၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆရာဝန်များအသင်းရုံးတွင် စာနယ်ဇင်းမိတ် ဆက်ပွဲ ပြုလုပ်ခဲ့သည်။

" လူငယ့်စေတမာန်ဆိုတဲ့ အဓိပ္ပါယ်ကတော့ တစ်ခုခုကိုသယ်ဆောင်တာပေါ့နော်၊ သတင်းစကား၊ အသိပညာတစ်ခုခုကို သယ် ဆောင်တယ်ဆိုတဲ့အဓိပ္ပါယ်၊ လူငယ်အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ဒါတွေဝေမျှကြမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ၊ ဒီရည်ရွယ် ချက်နဲ့ ဒီနာမည်လေးနဲ့လုပ်တာ" ဟု မြန်မာနိုင်ငံဆရာဝန်များအသင်းရုံး၏ စီမံအကြံပေးအရာရှိ ဒေါက်တာနီဝင်းက ပြောသည်။

"လူငယ့်စေတမာန်" အခမ်းအနားတွင်၂၀၁၈ ခုနှစ် လူငယ်များနေ့ဆောင်ပုဒ်ဖြစ်သည့် "လူငယ်ဘ၀ လုံခြုံမှ စိတ်ချသာယာ အနာဂါတ်ကမ္ဘာ" ဟူသောဆောင်ပုဒ်နှင့် ပတ်သက်သည့်အကြောင်းအရာများကို လူငယ်များသိရှိစေရန် ပညာပေးအစီ အစဉ်များ ပြုလုပ်သွားမည်ဖြစ်ပြီး ပညာပေးပြခန်း (၁၆)ခန်းနှင့် လူငယ်ဆိုင်ရာဆွေးနွေးပွဲများ၊ ဉာဏ်စမ်းကစားပွဲများ ပြုလုပ်သွား မည် ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲများတွင် လူငယ်အဖွဲ့အစည်းများမှ လူငယ်ခေါင်းဆောင်များက လူငယ်နှင့်နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်စသဖြင့် ခေါင်းစဉ်အသီးသီးဖြင့်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အခမ်းအနားတွင် အဆိုတော် ဟဲလေး၊ အောင်ထက်၊ အိမ့်ချစ်၊ အိုင်းရင်းဇင်မာမြင့်နှင့်အတူ အခြားအနုပညာရှင်များ၏ ဖျော်ဖြေတင် ဆက်မှု များအပြင် သက်တံရောင်စဉ်လူငယ်အငြိမ့်ဖြင့်လည်း ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

"လူငယ်တွေ နေထိုင်ကြီးပြင်းရာဆိုရာမှာ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးရှုထောင့်အရသော်လည်းကောင်း၊ကျားမတန်းတူ ရေး၊ လူအခွင့်အရေး ဒါတွေကလည်း အသက်ဝင်နေတာဖြစ်ပါတယ်။ဒါတွေကို လူငယ်တွေသိဖို့လိုတယ်။လူငယ်တွေနဲ့ပတ် သက်တဲ့မိဘတွေ၊ ကျောင်းက ဆရာ၊ဆရာမတွေ၊ သူတို့ကြီးပြင်းရမယ့်ပတ်ဝန်းကျင်၊ နောက်ဆုံး လူ့အဖွဲ့အစည်းနဲ့အတူ နိုင်ငံတော်အစိုးရပေါ့၊ ဒါတွေအားလုံးသိဖို့လိုအပ်ပါတယ်" ဟု မြန်မာနိုင်ငံဆရာဝန်များအသင်းရုံး၏ စီမံအကြံပေးအရာရှိ ဒေါက်တာနီဝင်းက ဆက်ပြောသည်။

မြန်မာနိုင်ငံဆရာဝန်များအသင်း(လူငယ်စီမံချက်)က ဦးဆောင်ကျင်းပမည့် ၂၀၁၈ ခုနှစ်၊ နိုင်ငံတကာလူငယ်များနေ့ အထိမ်း အမှတ် "လူငယ့်စေတမာန်" အခမ်းအနားကို 3MDG Fund (ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် ၃ မျိုးရန်ပုံငွေ)၏ ပံ့ပိုးမှုဖြင့် လူမှုရေးအဖွဲ့အစည်း ၁၅ ခုမှပူပေါင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly