ဒေါ့မွန်မှ ပူလီဆစ်ကို ခေါ်ယူနိုင်ရေးအတွက် ချယ်လ်ဆီးအသင်း ဆွေးနွေးနေ

ဒေါ့မွန်မှ ပူလီဆစ်ကို ခေါ်ယူနိုင်ရေးအတွက် ချယ်လ်ဆီးအသင်း ဆွေးနွေးနေ

ဇူလိုင် ၃၀၊ လန်ဒန်။   ။ ချယ်လ်ဆီးအသင်းသည် ဒေါ့မွန်တောင်ပံကစားသမား ခရစ္စတီယန် ပူလီဆစ်ကို ခေါ်ယူနိုင်ရေးအတွက် ဆွေးနွေးနေပြီဟု သတင်များထွက်ပေါ်နေသည်။

အသင်းအနေဖြင့် ဂျော်ဂျင်ဟိုကိုခေါ်ယူအားဖြည့်ထားသည့်တိုင် အပြောင်းအရွှေ့မပိတ်မီ တိုက်စစ်အားသန် ကစားသမား တစ်ဦးကို မဖြစ်မနေ ထပ်မံခေါ်ယူလိုနေခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်သည် ဒေါ့မွန်တာဝန်ရှိသူများနှင့် မတွေ့ဆုံမီ အပြောင်းအရွှေ့ကိစ္စနှင့်ပတ်သက်ပြီး အားကစားဒါရိုက်တာ ဂရာနော့ဗ်စကိုင်ယာ နှင့် စနေနေ့က ဆွေးနွေးခဲ့သည်ဟု စပို့စ်မေးလ်သတင်းတွင် ဖော်ပြထားသည်။

လီဗာပူးလ်အသင်း၏ ပစ်မှတ်ဖြစ်ခဲ့ဖူးသည့် ပူလီဆစ်၏တန်ဖိုးမှာ ပေါင် ၆၅ သန်းဖြစ်ပြီး ချယ်လ်ဆီးအသင်းအနေဖြင့် ပရီးမီးယားလိဂ်ဖလားပြန်လည်ရယူနိုင်ရေးအတွက် ကစားသမားအင်အားဖြည့်တင်းမှုများ ပြုလုပ်နေသည်။

အမေရိကန်ကစားသမား ပူလီဆစ်သည် ဒေါ့မွန်အသင်း၏ အမေရိကန်ရာသီကြိုခြေစမ်းခရီးစဉ်အတွင်း ခြေစွမ်းပြနိုင်ခဲ့ရာ ၎င်းကို ခေါ်ယူနိုင်ရန် လီဗာပူးလ်နှင့် ချယ်လ်ဆီးတို့ အပြိုင်အဆိုင် အရှိန်မြှင့် ကြိုးစားလာကြဖွယ်ရှိသည်။

Ref; sportsmole

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly