အီတလီတောင်တန်းများကြား၌ ၁၉၅၄ ခုနှစ်ကတည်းက ပျောက်ဆုံးသွားသည့် ပြင်သစ်နှင်းလျှောစီးသမား မည်သူဖြစ်ကြောင်း သိရှိ

အီတလီတောင်တန်းများကြား၌ ၁၉၅၄ ခုနှစ်ကတည်းက ပျောက်ဆုံးသွားသည့် ပြင်သစ်နှင်းလျှောစီးသမား မည်သူဖြစ်ကြောင်း သိရှိ

ဇူလိုင် ၃၀ ။           ။ လွန်ခဲ့တဲ့နှစ်ပေါင်း၆၀လောက်က ပျောက်ဆုံးသွားတဲ့ ပြင်သစ်နှင်းလျှောစီးသမားက ဘယ်သူလဲဆိုတာ သိရပါပြီလို့ အီတလီရဲအရာရှိတစ်ဦးက ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ   ပြောခဲ့တာဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်၊ ဆွစ်ဇာလန်-အီတလီနယ်စပ် အိုစတာဒေသရှိ ဗယ်ဒိုနန့်ရှ်တောင်ကြားရဲ့ မီတာ ၃၀၀၀ (ပေ ၁၀၀၀၀) မှာ အဆိုပါသေဆုံးသူရဲ့ ရုပ်အလောင်းအကြွင်းအကျန်နဲ့   နှင်းလျှောစီးကိရိယာတွေကို   တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အရပ်အမြင့် ၁.၇၅ မီတာ (၅ ပေ ၉ လက်မ) ရှိတဲ့ အဆိုပါသေဆုံးသူဟာ အသက် ၃၀ အရွယ်၊ နွေဦးရာသီမှာ သေဆုံးသွားတာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ထင်ကြေးပေးကြပါတယ်။

မျက်မှန်၊ နာရီနဲ့ ၎င်းရဲ့ရှပ်အင်္ကျီအပိုင်းအစတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သို့ပေမယ့် အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ထပ်မလုပ်တဲ့အတွက် အိုစတာအာဏာပိုင်က အဆိုပါလေ့လာတွေ့ရှိမှုကို ပြီးခဲ့တဲ့ဇွန်လက ၎င်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ   ရေးသားဖော်ပြခဲ့ပြီး ဆွစ်ဇာလန်နဲ့ ပြင်သစ်ဒေသခံတွေသိအောင် အချက်အလက်မျှဝေကြဖို့ တောင်းဆိုခဲ့ပါတယ်။

အဆိုပါသတင်းကို ပြင်သစ်အမျိုးသမီး အမ်မာနက်စ်ဆင်းမ်က ရေဒီယိုမှာ နားထောင်ခဲ့ရပြီး သေဆုံးသူဟာ ၎င်းရဲ့ဦးလေးဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ၁၉၁၉ ခုနှစ်ဖွား ဟင်နရီလီမက်စ်နီဟာ ၁၉၅၄ ခုနှစ်မှာ နှင်းလျှောစီးရင်း မုန်တိုင်းမိပြီး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

“မတ်လ ၂၆ ရက်၊ ၁၉၅၄ ခုနှစ်က အစ်ကိုပျောက်သွားတော့ သူတည်းခဲ့တဲ့ ဟိုတယ်မှာ သွားရှာပေမယ့် ပိုက်ဆံနဲ့ တခြားပစ္စည်းတွေပဲ တွေ့ရတယ်။ သူက ပဲရစ်က ဘဏ္ဍာရေးပိုင်းမှာ အလုပ်လုပ်ခဲ့တာပါ။”လို့ အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ သေဆုံးသူဟင်နရီရဲ့ ညီဖြစ်သူ ရော်ဂျာလီမက်စ်နီက ပြောပါတယ်။

“မိသားစုဓာတ်ပုံမှာ တွေ့ရတဲ့မျက်မှန်နဲ့  စုံထောက်တွေ ရှာဖွေတွေ့ရှိလာတဲ့ မျက်မှန်နဲ့တူနေသလို ဟင်နရီရဲ့ ဒီအင်န်အေကလည်း ရော်ဂျာတို့နဲ့ အတူတူပါပဲ။”လို့ ရဲအရာရှိကပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly