ကော့ဒ်နီကာတာရှိန်း၏သား မေဆန်အား ချစ်မြတ်နိုးသည့်အတွက် သားယောကျ်ားလေးလိုချင်သည့် ခရိုးကာတာရှိန်း

ကော့ဒ်နီကာတာရှိန်း၏သား မေဆန်အား ချစ်မြတ်နိုးသည့်အတွက် သားယောကျ်ားလေးလိုချင်သည့် ခရိုးကာတာရှိန်း

 

ဇူလိုင် ၃၀ ။          ။ ခရိုးကာတာရှိန်းဟာ ပြီးခဲ့တဲ့၃လကတည်းက ၎င်းရဲ့သမီး ထရူးကို အရိပ်တကြည့်ကြည့်စောင့်ရှောက်လာခဲ့တာဖြစ်ပါတယ်။

သို့ပေမယ့် ခရိုးနဲ့ ရည်းစားဖြစ်သူ ခရီစတန်တွမ်ဆန်တို့ဟာ သားယောကျ်ားလေးထပ်လိုချင်တယ်လို့ ပြောလာပါတယ်။

၈ နှစ်အရွယ် တူလေး မေဆန်ကို ချစ်မြတ်နိုးတဲ့အတွက် သားယောကျ်ားလေးထပ်လိုချင်တာပါလို့ ခရိုးကပြောပါတယ်။

“သားယောကျ်ားလေးလိုချင်ခဲ့ပေမယ့် ဘုရားသခင်က သမီးလေးထရူးကိုဖန်ဆင်းပေးလိုက်တယ်။ ထရူးကြောင့် ကျွန်မပိုပြီးသိမ်မွေ့လာတာ။ သင်လိုတဲ့အရာကို ဘုရားကဖန်ဆင်းပေးတာပါ။”လို့ ခရိုးက ၎င်းရဲ့တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ညီမဝမ်းကွဲ ကိုင်းလီဂျန်နာက သမီးဖြစ်သူ စတော်မီ့ကိုမွေးဖွားပြီး ၂လအကြာမှာ ခရိုးက ထရူးကိုမွေးဖွားခဲ့တာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly