၁၇ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ထီဆုမဲ ၁ သိန်းကျော်ချီးမြှင့်မည်

၁၇ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ထီဆုမဲ ၁ သိန်းကျော်ချီးမြှင့်မည်

ရန်ကုန် ဇူလိုင် ၃၀ ။         ။ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင်ဖွင့်လှစ်မည့် ၁၇ ကြိမ်မြောက်ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင် အထူးဆုကြီးအပါအဝင် ထီဆုမဲပေါင်း ၁သိန်းကျော်ကို ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဆုအမျိုးစားများတွင် အထူးဆုကြီးစနစ်ကျပ်သိန်းတစ်သောင်း ၁ ဆု၊ ကျပ်သိန်းငါးထောင် ၂ ဆု၊ ကျပ်သိန်း ၃ ထောင် ၂ ဆုနှင့်ကျပ်သိန်း ၁ ထောင် ၅ ဆုအပါအဝင် အခြားဆုမဲ စုစုပေါင်း ၁၂၄၁၈၂ ဆုကို ချီးမြှင့်ပေးမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ထားသည်။

ထို့ပြင် ၁၇ ကြိမ်မြောက်ကျပ် ၅၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို "က" အက္ခရာမှအစဉ်လိုက် "အ"အက္ခရာအထိ အက္ခရာ ၃၃ လုံးနှင့်"ကက"အက္ခရာမှ "ကဌ" အက္ခရာအထိ အက္ခရာ ၁၂ လုံး၊ စုစုပေါင်း အက္ခရာ ၄၅ လုံးရောင်းချခဲ့ပြီး ထီစာအုပ်ပေါင်း ၁၆၈၁၈၁၀ အုပ်၊ ထီလက်မှတ်စောင်ရေပေါင်းမှာ ၄၀၄၉၉၉၁၀ စောင်ဖြစ်သည်။ ထီလက်မှတ် စာအုပ်ပေါင်း ရောင်းရငွေစုစုပေါင်းမှာ ကျပ်သန်းပေါင်း (၁၈၄၀၉.၀၅၀) ဖြစ်ပြီး ၆၀ ရာခိုင်နှုန်း ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်မည့်ငွေ စုစုပေါင်းမှာ ကျပ်သန်းပေါင်း (၁၁၀၄၅.၄၃၀) ဖြစ်ကြောင်းလည်း သိရသည်။

ထီထိုးသူပြည်သူများအနေဖြင့် ထီမတိုက်မိကြသည့်အတွက် လာရောက်မထုတ်ယူသည့်ဆုငွေများကို လစဥကျပ်သန်း ၂၀၀ ခန့် ဘဏ္ဍာသိမ်းအဖြစ်ဆောင်ရွက်နေရကြောင်း အောင်ဘာလေသိန်းဆုဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က ပြောကြားထားသည်။

ယင်းသို့ ထီဆုငွေလာရောက်ထုတ်ယူခြင်းမရှိသည်ကို သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများနှင့်ပြည်တွင်း အခွန်ဌာနဝက်ဘ်ဆိုက်တွင်လည်း အများပြည်သူသို့ အသိပေးကြေငြာထားပြီး လာမည့်၁၇ ကြိမ် မြောက် သိန်းဆုပေါက်စဉ်များကိုပြုပြင်ပြောင်းလဲဆောင်ရွက်သွားရန်ရှိသည်ဟုလည်း သိရသည်။

၁၇ ကြိမ်မြောက် ကျပ် ၅၀၀ တန်အောင်ဘာလေ သိန်းဆုဖွင့်ပွဲကို ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ၃၇ လမ်းထောင့်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲရုံးတွင် လာမည့်သြဂုတ် လ ၁ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်သည်။

ထို့ပြင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ကျပ် ၅၀၀ တန်အောင်ဘာလေထီလက်မှတ်များကို ၂၀၁၈ ခုနှစ်၊အောက်တိုဘာလတွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကာ ထီစာအုပ်များပြန်လည်ဝယ် ယူ ရောင်းချလိုသူများအနေဖြင့် အောင်ဘာလေ သိန်းဆုဌာနခွဲနှင့် ရန်ကုန်တိုင်းဒေသကြီးမှအပ ပြည်နယ်၊ တိုင်းဒေသကြီးများရှိ ပြည်တွင်းအခွန် များဦးစီးဋ္ဌာနရုံးများသို့ လျှောက်ထားနိုင်ပြီဖြစ် ကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly