မြို့ ရ မြို့ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ

မြို့ ရ မြို့ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန် ၊ ဇူလိုင် ၃၀ ။         ။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ စိုးရိမ်ရေမှတ်အထက်   ကျော်လွန်ရောက်ရှိနေသည့်  မြို့ ၇ မြို့အထိရှိနေခဲ့ကြောင်း ထုတ်ပြန်ကြေညာထားသည်။

သာပေါင်း ၊ တောင်ငူ ၊ မဒေါက် ၊ရွှေကျင် ၊ ဘီးလင်း ၊ ပဲခူး ၊ဘားအံ မြို့တို့သည် စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေခြင်း ဖြစ်သည်။

စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၏ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက် (၂၀ စင်တီမီတာ ဝ.၆ ပေ)အထိ မြင့်တက်နေခဲ့ပြီး မဒေါက်မြို့၏ စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာ အထက် ( ၁၈၉ စင်တီမီတာ ၆.၂ ပေ)အထိ မြင့်တက်နေသည်။

ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေမှတ် ၇၀၀စင်တီမီတာ အထက် (၁၀၂ စင်တီမီတာ ၃.၃ ပေ)အထိ မြင့်တက်နေပြီး  ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ် ၈၈၀ အထက် (၃၆ စင်တီမီတာ ၁.၁ ပေ)အထိ မြင့်တက်နေသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ် ၇၅၀စင်တီမီတာအထက်(၁၈၈ စင်တီမီတာ ၆.၁ ပေ)အထိ မြင့်တက်နေကာ၊  ငဝန်မြစ်ရေသည် သာပေါင်းမြို့၏ စိုးရိမ်ရေမှတ် ၆၂၀ အထက် ( ၂ စင်တီမီတာ) ၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ် ၁၀၂၂ စင်တီမီတာ အထက် (၄၈ စင်တီမီတာ ၁.၅ ပေ)အထိ မြင့်တက်နေသည်ဟု ထုတ်ပြန်ထားသည်။

ယင်းအပြင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် နီးစပ်နေသည့်မြို့များစာရင်းတွင် ဟင်္သာတ၊ ဇလွန်၊ ငါးသိုင်းချောင်း၊ ပုသိမ်နှင့် မအူပင်မြို့တို့ ပါဝင်နေသည်။

စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသည့် မြို့များ၏ မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်းများတွင် နေထိုင်ကြသူများအနေဖြင့် မြစ်ရေကြီးမှုဘေးအန္တရာယ်မှ ကင်းလွတ်ရာကို ရှောင်ရှားကြရန်နှင့် သတိပြုနေထိုင်ကြရန် မိုး/ဇလ မှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly