အဝလွန်ခြင်း ၆ မျိုး

အဝလွန်ခြင်း ၆ မျိုး

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဝလွန်ခြင်းဟာ လူကြီးတွေမှာသာ အဖြစ်များရုံကပဲ ကလေးငယ်တွေနဲ့ ငယ်ရွယ်သူတွေမှာပါ ဖြစ်နိုင်ပါတယ်။ အဝလွန်ခြင်းနဲ့ အတူ အခြားကျန်းမာရေးအခြေအနေတွေ ဖြစ်တဲ့ သွေးပေါင်တက်ခြင်း၊ ဆီးချိုနဲ့ အချို့ကင်ဆာတွေ ဖြစ်တတ်ပေမယ့် လူအချို့က ဒီရောဂါကို လျှော့တွက်တတ်ကြပါတယ်။

အဝလွန်ခြင်းနဲ့ ပတ်သက်တဲ့ သိချင်ရင်တော့ ဒီဆောင်းပါးမှာ အသုံးဝင်တဲ့ အချက်အလက်တွေကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

အဝလွန်ခြင်းဟာ ကိုယ်ခန္ဓာမှာ အဆီအလွန်အကျွံ စုဝေးခြင်း ဖြစ်ပြီး ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ ကိုယ်ခန္ဓာက အဆီကို တိုင်းတာနိုင်တဲ့ နည်းလမ်းအများကြီးရှိပေမယ့် BMI ကတော့ အသုံးအများဆုံးနည်းတစ်ခု ဖြစ်ပါတယ်။

တကယ်လို့ သင့် BMI ဟာ ၂၅ ကနေ ၂၉.၉ အတွင်းရှိခဲ့ရင် ကိုယ်အလေးချိန်များတယ်လို့ ယူဆနိုင်ပါတယ်။

အဝလွန်ခြင်းဟာ အမေရိကမှာ အရွယ်ရောက်ပြီးသူတွေရဲ့ သုံးပုံတစ်ပုံမှာ ရှိနေပါတယ်။ (ပျမ်းမျှ ၇၈.၆ သန်းဖြစ်ပါတယ်။) တစ်ချိန်တည်းမှာပဲ Professor Le Thi Hop of the National Nutrition Institute က ကလေးငယ် ၁.၂ သန်းဟာလည်း အဝလွန်ခြင်းကို ခံစားနေရတယ်လို့ ဆိုပါတယ်။

Conference တစ်ခုမှာ ဖေါ်ပြခဲ့တဲ့ လေ့လာမှုတစ်ခုက အဝလွန်နေတဲ့ ကလေးအရေအတွက်ဟာ ၂၀၀၀ ကနေ ၂၀၁၃ အတွင်းမှာ ၃.၇% ကနေ ၁၁.၅% အထိ သုံးဆ မြင့်တက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဝလွန်ခြင်းကို အခြားအချက်တွေကလည်း လွှမ်းမိုးနိုင်ပါတယ်။

မျိုးရိုးဗီဇ

အဝလွန်ခြင်းဟာ မျိုးရိုးဗီဇနဲ့ ဆက်စပ်မှု ရှိပါတယ်။ တကယ်လို့ သင့်မိဘတွေဟာ အဝလွန်တယ်ဆိုရင် သင်ဟာလည်း အဝလွန်နိုင်ခြေရှိပါတယ်။
အစာ ကောင်းကောင်းမစားခြင်း

  •     အသင့်စား အစာတွေကို များပြားစွာ စားသုံးခြင်း
  •     အရက်အလွန်သောက်ခြင်း၊ သကြားဓါတ်ပါတဲ့ အရည်တွေကို များပြားစွာသောက်ခြင်း
  •     အပြင်မှာ ထွက်စားခြင်း – စားသောက်ဆိုင်တွေမှာ စားတဲ့ အစာမစားခင် စားတဲ့အစာ (သို့) အချိုပွဲတွေမှာ အဆီနဲ့ သကြားဓါတ်တွေ မြောက်မြားစွာ ပါဝင်ပါတယ်။
  •     ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း – လူအတော်များများဟာ ခုံပေါ်မှာထိုင်ပြီး စားပွဲနဲ့ ကွန်ပျူတာ အသုံးပြုရတဲ့ အလုပ်တွေကိုသာ တစ်နေကုန်လုပ်ပြီး လမ်းလျှောက်ချိန် မရှိကြပါဘူး။ တကယ်လို့ သင်ဟာ လှုပ်လှုပ်ရှားရှား မရှိဘူးဆိုရင် သင်စားလိုက်တဲ့အစာတွေက စွမ်းအင်ကို သုံးစွဲခြင်း မရှိတာကြောင့် ဒီစွမ်းအင်အပိုတွေဟာ ကိုယ်ခန္ဓာမှာ အဆီအဖြစ် သိမ်းဆည်းပါတယ်။
  •     စိတ်ပိုင်းဆိုင်ရာ ပြဿနာများ – စိတ်ဖိစီးခြင်း၊ စိတ်ပူခြင်း၊ စိတ်ကျခြင်း၊ နာတာရှည် နာကျင်ခြင်းတွေဟာ အစားအသောက်ပိုစားခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီအချိန်မှာ လူတွေဟာ စိတ်တည်ငြိမ်ဖို့နဲ့ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ရန်အတွက် အစားအသောက်ပိုစားလေ့ ရှိပါတယ်။
  •     ဆေးတွေ ကျန်းမာရေးအခြေအနေတွေ – အချို့ဆေးတွေနဲ့ ကျန်းမာရေးအခြေအနေတွေဖြစ်တဲ့ Cushing Syndrome နဲ့ hypothyroidism၊ စိတ်ကျဆေး၊ corticosteroids တွေဟာ ဝလာစေပါတယ်။
  • မတူညီတဲ့ အကြောင်းရင်းတွေဟာ မတူညီတဲ့ အဝလွန်ခြင်းတွေကို ဖြစ်စေပါတယ်။ လေ့လာမှုအချို့က အဝလွန်ခြင်း ခြောက်မျိုးနဲ့ တစ်ခုစီရဲ့ အကြောင်းရင်း၊ ဆိုးကျိုးနဲ့ ကုသမှုတွေကို ဖေါ်ပြထားကြပါတယ်။

မလှုပ်ရှားခြင်းကြောင့် အဝလွန်ခြင်း

ဒီ အဝလွန်ခြင်း အမျိုးအစားဟာ လှုပ်လှုပ်ရှားရှား မရှိခြင်းကြောင့်ဖြစ်ပါတယ်။ ဒီအမျိုးအစားမှာ ကိုယ်ခန္ဓာရဲ့ သန်စွမ်းနဲ့ နေရာတွေဟာ အဆီပြည့်လာပြီး ကျန်းမာခြင်း မရှိတော့ပါဘူး။

အစားကြောင့် ဖြစ်တဲ့ အဝလွန်ခြင်း

မကျန်းမာတဲ့ အစားအသောက်တွေဖြစ်တဲ့ အသင့်စား အစားအသောက်တွေကို စားသုံးခြင်းဟာ ဒီအမျိုးအစား အဝလွန်ခြင်း ကို ဖြစ်စေပါတယ်။

စိတ်ပူခြင်းကြောင့် ဖြစ်တဲ့ အဝလွန်ခြင်း

ဒီအမျိုးအစားကတော့ စိတ်ကျခြင်း (သို့) စိတ်ဖိစီးခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဒီအမျိုးအစားကို ကာကွယ်ဖို့အတွက် စိတ်ပူခြင်းကို ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။

Gluten Obesity

သူဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ဟော်မုန်းပြောင်းလဲချိန်တွေ ဖြစ်တဲ့ အပျိုဘော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးဆုံးချိန်တွေမှာ အဖြစ်များပါတယ်။
 
Venous Obesity

ဒီအမျိုးအစားကတော့ မျိုးရိုးလိုက်ခြင်းကြောင့် ပိုဖြစ်နိုင်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များပါတယ်။
 
Atherogenic obesity

ဒီအမျိုးအစားကတော့ အခြားကိုယ်အင်္ဂါတွေနဲ့ အသက်ရှူ ပြဿနာတွေကို ထိခိုက်နိုင်တဲ့ အရက်နဲ့ ဆက်စပ်မှုရှိတာကြောင့် အန္တရာယ် ရှိပါတယ်။

အဝလွန်ခြင်းဟာ ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် အန္တရာယ် ရှိပါတယ်။ ကျန်းမာတဲ့ လူမှုနေထိုင်ပုံကို လေ့ကျင့်သင့်ပြီး သင့်ကိုယ်ခန္ဓာ အခြေအနေနဲ့ သင့်လျော်တဲ့ လေ့ကျင့်ခန်းတွေအတွက် ဆရာဝန်ကို မေးမြန်းအကြံတောင်းခံနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly