အင်ဒိုနီးရှားမှာ အားပြင်းငလျင်လှုပ်၍ လူ ၃ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရ

အင်ဒိုနီးရှားမှာ အားပြင်းငလျင်လှုပ်၍ လူ ၃ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရ

ဇူလိုင် ၂၉ ။         ။ အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းမှာ ဇူလိုင် ၂၉ ရက်က ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ အားပြင်း ငလျင်တစ်ခု လှုပ်ခဲ့တဲ့အတွက် အနည်းဆုံး လူ သုံးဦး သေဆုံးသွားခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

နိုင်ငံရဲ့ နာမည်ကျော် ခရီးသွားဒေသမှာ လှုပ်ခဲ့တဲ့ ယင်းငလျင်ကြောင့် အဆောက်အအုံ အများအပြား ပျက်စီးခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်   လျော့ပါးသက်သာရေး   အေဂျင်စီက ပြောပါတယ်။

သေဆုံးသူ သုံးဦးကတော့ ကျွန်းရဲ့ အရှေ့ခြမ်းနဲ့ မြောက်ခြမ်းတို့က ဖြစ်တယ်လို့ သိရပါတယ်။

ငလျင်ဟာ ယင်းနေ့ မနက် ၆ နာရီ ၄၇ မိနစ်မှာ လှုပ်ခဲ့တာဖြစ်ပြီး အနက် ၇ ကီလိုမီတာ သာ ရှိခဲ့တယ်လို့ အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ USGS က ပြောပါတယ်။

Lombok ကျွန်းကတော့ အင်ဒိုနီးရှား အရှေ့တောင်ပိုင်းမှာ ရှိပြီး ဘာလီအပန်းဖြေကျွန်းရဲ့ အရှေ့ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာမှာ တည်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly