ကယ်လီဖိုးနီးယား တောမီး ပိုဆိုးလာ၍ အရေးပေါ်အခြေအနေ ကြေညာ

ကယ်လီဖိုးနီးယား တောမီး ပိုဆိုးလာ၍ အရေးပေါ်အခြေအနေ ကြေညာ

ဇူလိုင် ၂၉ ။         ။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းမှာ အကြီးအကျယ် လောင်ကျွမ်းနေလျက်ရှိတဲ့ တောမီးတွေဟာ ညတွင်းချင်းမှာပဲ သုံးပုံ ပုံ နှစ်ပုံလောက် ပိုကြီးထွားပြန့်နှံ့လာခဲ့လို့ အရေးပေါ်အခြေအနေတစ်ရပ် သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာလိုက်ရပါတယ်။

ဇူလိုင် ၂၃ ရက်ကတည်းက စတင်လောင်ကျွမ်းနေခဲ့တဲ့ တောမီးတွေကြောင့် ဒေသမှာ အကြီးအကျယ် ပျက်ဆီးဆုံးရှုံးမှုတွေဖြစ်စေခဲ့သလို လူပေါင်း ၃၈,၀၀၀ လောက်လည်း   ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

တောမီးလောင်ကျွမ်းမှုအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ ထရမ့်က ဖက်ဒရယ်အစိုးရကို ညွှန်ကြားထားပါတယ်။ ယခုအချိန်ထိ တောမီးလောင်ကျွမ်းမှုအတွင်း လူ ကိုးဦး ပျောက်ဆုံးနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

ဒါ့အပြင် မီးသတ်သမားနှစ်ဦးလည်း တောမီးငြှိမ်းသတ်ရင်း သေဆုံးသွားခဲ့ပြီဖြစ်သလို နေအိမ်အလုံးပေါင်း ရာနဲ့ချီလည်း မီးထဲ ပါဝင်ပျက်စီးသွားခဲ့ပြီ ဖြစ်ပါတယ်။

တောမီးလောင်ကျွမ်းမှုတွေကို မီးသတ်သမား ၃,၄၀၀ လောက်နဲ့ ဟယ်လီကော်ပတာ ၁၇ စင်းတို့နဲ့အတူ ဝိုင်းဝန်း ငြှိမ်းသတ်နေကြလျက်ရှိပါတယ်။

ဒါပေမယ့် ဇူလိုင် ၂၈ ရက်အထိတော့ တောမီးတွေရဲ့ ငါးရာခိုင်နှုန်းမျှကိုသာပဲ ထိန်းနိုင်သေးတယ်လို့ သိရပါတယ်။

နောက်ထပ် အဆောက်အအုံပေါင်း ၅,၀၀၀ လောက် တောမီးအန္တရာယ်အောက် ကျရောက်နေတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly