ဒုက္ခသည်များအတွက် လေ့ကျင့်ရေးစခန်းဆောက်ပေးရန် ဘိုင်ယန်မြူးနစ်စီးစဉ်

ဒုက္ခသည်များအတွက် လေ့ကျင့်ရေးစခန်းဆောက်ပေးရန် ဘိုင်ယန်မြူးနစ်စီးစဉ်

ဂျာမနီသို့ခိုလှုံရောက်ရှိလာသည့် ဒုက္ခသည်များအတွက် လေ့ကျင့်ရေးစခန်းတစ်ခုကို ဘိုင်ယန်မြူးနစ်အသင်းက ဆောက်လုပ်ပေးရန်စီစဉ်နေ သည့်အပြင် ယူရို ၁ သန်းကိုလည်း လှူဒါန်းသွားမည်ဖြစ်သည်။
ဥရောပတွင် ရွှေ့ပြောင်းအခြေချမှုဖြစ်ရပ်များ၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ဟန်ဂေရီအများစုမှာ ဂျာမနီနိုင်ငံသို့ ရောက်ရှိလာကြသည်။

ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် အစားအစာထောက်ပံ့ခြင်း၊ ဂျာမန်သင်ခန်းစာများနှင့် ဘောလုံးအထောက်အကူပြု ပစ္စည်းများကို ကလေးများအတွက်ပေးအပ်ခြင်း စသည်တို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။

"ဘိုင်ယန်မြူးနစ်အနေနဲ့ ဒါကို ဒုက္ခသည်တွေအတွက် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီပေးမှုအဖြစ် ရှုမြင်ပါတယ်"ဟု အသင်း အမှုဆောင်ချုပ် ကားလ်ဟိန့်ဇ်ရူမင်နစ်ဂီက ပြောသည်။

ဆီးရီးယားပဋိပက္ခကြောင့် ဥရောပသို့ရွှေ့ပြောင်းအခြေချမှုများမှာ ယခုနှစ်တွင် စံချိန်တင်အရေအတွက်သို့ ရောက်ရှိလာခဲ့သည်။ ဂျာမနီနိုင်ငံ မှာ ယခုနှစ်တွင် ယခင်နှစ်က ထက်လေးဆဖြစ်သော နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူအရေအတွက် ၈ သိန်းကို လက်ခံသွားမည်ဟု ယူဆရသည်။

ဘွန်ဒက်စ်လီဂါချန်ပီယံဆု ၂၅ ကြိမ်နှင့် ချန်ပီယံလိဂ်ငါးကြိမ်ဗိုလ်စွဲထားသော ဘိုင်ယန်မြူးနစ်အသင်းသည် လာမည့်အိမ်ကွင်းပွဲစဉ်အဖြစ် အော့စ်ဘတ်နှင့်ပွဲတွင် လက်ရှိဖြစ်ပေါ်နေသော ဒုက္ခသည်ဆိုင်ရာ ကိစ္စရပ်များကို သိသာထင်ရှားစေရန်လည်း လုပ်ဆောင်သွားမည်ဖြစ်သည်။

စက်တင်ဘာ ၁၂ တွင်ကစားမည့်ယင်းပွဲ၌ ပွဲထွက်ကစားသမားများသည် အလိုင်းယင့်အရီနာကွင်းထဲသို့ ဂျာမနီကလေးများတစ်ဖက်၊ ဒုက္ခသည်ကလေးငယ်များတစ်ဖက် လက်ဆွဲ၍ ဝင်ရောက်ကြမည်ဖြစ် သည်။

ဘိုင်ယန်မြူးနစ်အသင်း၏ပြိုင်ဘက်နှင့် လက်ရှိအမှတ်ပေးဇယားကိုဦးဆောင်နေသည့် ဒေါ့တ်မွန်အသင်းသည်လည်း ပြီးခဲ့သည့်ကြသပတေး နေ့က နော်ဝေကလပ် အော့နှင့်ကစားသည့်ယူရိုပါလိဂ်ပွဲသို့ ဒုက္ခသည် ၂၂၀ ကိုဖိတ်ခေါ်ခဲ့သေးသည်။ မိန့်ဇ်အသင်းသည်လည်း ပြီးခဲ့သည့်တစ် ပတ်က ဟန်နိုဗာနှင့်ကစားသည့်အိမ်ကွင်းပွဲတွင် လက်မှတ်စောင်ရေ ၂၀၀ အခမဲ့ဝေငှပေးခဲ့သည်။

ပြီးခဲ့သည့်တစ်ပတ်က ဘွန်ဒက်စ်လီဂါပွဲစဉ်များတွင်လည်း ဒုက္ခသည်များကိုအားပေးသည့် အပြုသဘောဆောင်သော စာတမ်းများကိုင်ဆောင် အားပေးမှုများရှိခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly