မုံရွာ ထန်းဇလုပ်ချောင်းတွင် ရေနစ်ခဲ့သူ ၂ဦး၏ အလောင်းများ ပြန်လည်တွေ့ရှိ

မုံရွာ ထန်းဇလုပ်ချောင်းတွင် ရေနစ်ခဲ့သူ ၂ဦး၏ အလောင်းများ ပြန်လည်တွေ့ရှိ

 

ဇူလိုင်၂၈၊ မုံရွာ ။           ။ မုံရွာထန်းဇလုပ်ချောင်းတွင် လာရောက်အပန်းဖြေစဉ် ရေနစ်မြုပ်ခဲ့သူနှစ်ဦး၏ ရုပ်အလောင်း နှစ်လောင်းကို ဆယ်ယူရရှိခဲ့ကြောင်း မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦးညီညီဇော် ကပြောသည်။

ရေနစ်မြုပ်ခဲ့သူနှစ်ဦးသည် မန္တလေးမြိုမှ ကားဆေးပန်းချီလုပ်ငန်းလုပ်ဆောင်သူ အသက် (၁၂)အရွယ် မောင်လင်းလင်းထက်နှင့် မုံရွာမြို့ ကန်သာဦးရပ်ကွက်မှ အသက် ၂၀ အရွယ် မောင်ထိန်လင်းအောင် တို့ဖြစ်ပြီး ၎င်းတို့၏ရုပ်အလောင်းများကို ချောက်များရှိသည် (ရေမချိုးရ) တားမြစ်ဆိုင်းဘုတ် ထောင်ထားသည့် ရေအောက်ကြမ်းပြင်တွင်တွေ့ရှိခဲ့ကြောင်း သိရသည်။

" သူတွေနှစ်ယောက် ရေနစ်တာက နေ့လယ် ၁၂ လောက်ကဖြစ်မယ်။ရပ်ကျေးအုပ်ဥက္ကဋ္ဌ လာအကြောင်းတာက ညနေပိုင်းမှ လာအကြောင်းကြားလို့ သိရတာ။သိသိခြင်းပဲ မနေ့ညကနေ ဒီနေ့ညနေပိုင်းအထိ ရှာဖွေခဲ့ရတယ်။ ဒီမနက်ပိုင်းက တစ်လောင်းတွေ့တယ်။ ညနေပိုင်းရောက်တော့ တစ်လောင်းတွေတယ်" ဟု မုံရွာမြို့နယ်မှ မီးသတ်ဦးစီးမှူး ဦးညီညီဇော်မှ ပြောသည်။

ရေနစ်မြုပ်သူနှစ်ဦးကို ရှာဖွေရာတွင် ရှာဖွေကယ်ရေးသမား ၁၁ ဦး၊ ကရိန်းပါ ကယ်ဆယ်ရေးယာဉ် တစ်စီးနှင့်စက်လှေငယ် ၂ စီးကို အသုံးပြု၍ ရှာဖွေခဲ့ကြောင်း တွေ့ရှိသည့် ရုပ်အလောင်းများကို မုံရွာပြည်သူ့ဆေရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly