၀မ်းနည်းနေသည့် ရဲတပ်ဖွဲ့ဝင်များအား ရှိုးပွဲလက်မှတ် လှူဒါန်းခဲ့သည့် တေလာဆွစ်ဖ်

၀မ်းနည်းနေသည့် ရဲတပ်ဖွဲ့ဝင်များအား ရှိုးပွဲလက်မှတ် လှူဒါန်းခဲ့သည့် တေလာဆွစ်ဖ်

 

ဇူလိုင် ၂၈ ။                    ။ မက်ဆာချူးဆက်ပြည်နယ်၊ ဝေးမောက်မြို့ရှိ ဒေသခံရဲတပ်ဖွဲ့ဝင်တစ်ယောက်သေဆုံးသွားတဲ့အတွက် ဝမ်းနည်းနေသူတွေကို တေလာဆွစ်ဖ်က ဖြေသိမ့်ပေးတဲ့အနေနဲ့ ၎င်းရဲ့ ရှိုးပွဲလက်မှတ်များကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံရဲတပ်ဖွဲ့ဝင် မိုက်ကယ်ချက်စနာဟာ ကားတိုက်မှုကို စုံစမ်းစစ်ဆေးနေတဲ့အချိန်၊ ဇူလိုင်လ ၁၅ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

“တေလာက ဒီတစ်ပတ် ဖော့စ်ဘိုရပ်ဖ်မှာ လုပ်မယ့် သူ့ရှိုးပွဲလက်မှတ်တွေ လှူခဲ့တာပါ။”လို့ ရဲအရာရှိ ရောဘတ်ဟတ်လန်က ပြောပါတယ်။

“ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်သမားတွေ၊ မိသားစုဝင်တွေကို လက်မှတ်တွေ ဝေပေးပြီးပြီ။ ပိုတဲ့လက်မှတ်တွေကိုလည်း တခြားရဲဌာနတွေကို ပေးထားတယ်။”လို့ ၎င်းကဆက်ပြောပါတယ်။

တေလာဆွစ်ဖ်ရဲ့အဆိုပါ လှူဒါန်းမှုအတွက် အားလုံးကိုယ်စား ဟတ်လန်က ကျေးဇူးတင်ကြောင်း ပြောဆိုထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly