ချယ်ရီအက်ဖ်အမ် ထပ်မံပိတ်ခံရသည့်သတင်း မမှန်ကန် စက်ချို့ယွင်းမှုသာဖြစ်

ချယ်ရီအက်ဖ်အမ် ထပ်မံပိတ်ခံရသည့်သတင်း မမှန်ကန် စက်ချို့ယွင်းမှုသာဖြစ်

စက်တင်ဘာ ၄ ။         ။ ချယ်ရီအက်ဖ်အမ် ထပ်မံပိတ်ခံရသည်ဟု လူမှုကွန်ရက် စာမျက်နှာများ တွင်ပြန့်နှံ့နေသဖြင့် မဇ္ဈိမက တောင်ကြီးရုံးတာဝန်ခံ ဦးကျော်ဇင်ထွန်းအား ဆက်သွယ်မေးမြန်းရာ ထပ်မံပိတ်ခံရသည်မဟုတ်ဘဲ အသံလွှင့်စက်ရုံ တချို့စက်ချို့ယွင်းမှုကြောင့် ခေတ္တပျက်တောက်ခြင်းသာဖြစ်သည်ဟု ပြောကြားသည်။

''လက်ရှိအသံလွှင့်နေပါတယ်။ ကျွန်တော်တို့ အသံလွှင့်စက်ရုံ ၁၁ ရုံမှာ တချို့စက်ရုံက ချွတ်ယွင်းချက် အနည်းငယ်ရှိလို့ ခဏရပ်လိုက်တာမျိုးတွေရှိတယ်။ ဥပမာ မီးပျက်သွားရင် မီးစက်ချိန်းဖို့ ငါမိနစ်ကျော် ကြာမယ်။ အဲ့မှာတချို့က ဝင်ရေးကြတယ်။ ချယ်ရီနားထောင်လို့မရတော့ဘူးဆိုပြီးတော့။ ကျန်တဲ့ပြဿနာဘာမှမရှိပါဘူး။'' ဟု ၎င်းက ဆိုသည်။

သူရဦးရွှေမန်း၏ ချွေးမဖြစ်သူ ဒေါ်ဇေဇင်လတ် ဦးစီးလုပ်ကိုင်နေသည့် ချယ်ရီအက်ဖ်အမ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌ ဖြစ်သူ သူရဦးရွှေမန်းရာထူးမှ ပြောင်းလဲခံရသည့် ဩဂုတ် ၁၃ ရက်က စပြီး ပြည်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ထုတ်လွှင့်မှုများ ခေတ္တရပ်ဆိုင်းသွားခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly