မွန်ပြည်နယ် ဘီးလင်းမြို့ရေကျော် ၊ ကားလမ်းပိတ်ထားရ

မွန်ပြည်နယ် ဘီးလင်းမြို့ရေကျော် ၊ ကားလမ်းပိတ်ထားရ
Khin Naing Oo

ရန်ကုန် ၊ ဇူလိုင် ၂၇ /            / ရန်ကုန် - မော်လမြိုင် အဝေးပြေးကားလမ်းပေါ်ရှိ ဘီးလင်းမြို့နယ်တွင် ကားလမ်းမပေါ်သို့ ရေများ သုံးပေ နီးပါးခန့် ကျော်လွန်ရောက်ရှိနေသောကြောင့် ကားသွားလာမှုများအား ပိတ်ထားသည်။

ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်သည် ၁၀၂၂ စင်တီမီတာဖြစ်ပြီး ယခုရောက်ရှိနေသည့် ရေအမှတ်သည် ၁၀၉၀ စင်တီမီတာသို့ ရောက်ရှိနေခြင်းကြောင့် စိုးရိမ်ရေမှတ်အထက် ၆၈ စင်တီမီတာ(၂.၂ ပေ) ခန့် မြင့်တက်နေခြင်း ဖြစ်သည်။

ဘီးလင်းမြို့နယ်အဝေးပြေးကားလမ်းမ မိုင်တိုင် ၁၂၆ နှင့် ၁၂၇ မိုင်တိုင်ကြားတွင် ကားလမ်းမပေါ်သို့ ရေကျော်လွန်ရောက်ရှိနေခြင်းဖြစ်သည်။

ရေကျော်လွန်ရောက်ရှိနေသည့် နေရာများသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင် များနှင့် လူမှုရေးအသင်းအဖွဲ့များက ကူညီရန် ရောက်ရှိနေခဲ့သည်။

ပဲခူး၊ ဘားအံ၊ အမ်းအပါအဝင် မြန်မာနိုင်ငံဒေသရှိ အတော်များများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly