ရော်နယ်လ်ဒိုရဲ့ အခွန်တိမ်းရှောင်မှုအတွက် ယူရို ၁၉ သန်း ပေးချေဖို့ စပိန်ဘဏ္ဍာရေးဌာနနဲ့ သဘောတူညီမှုရ

ရော်နယ်လ်ဒိုရဲ့ အခွန်တိမ်းရှောင်မှုအတွက် ယူရို ၁၉ သန်း ပေးချေဖို့ စပိန်ဘဏ္ဍာရေးဌာနနဲ့ သဘောတူညီမှုရ
(ဓာတ်ပုံ - အီးပီအေ)

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အခွန်တိမ်းရှောင်မှုအတွက် ဒဏ်ငွေ ယူရို ၁၉ သန်း(ဒေါ်လာ ၂၂.၃ သန်း)နီးပါးခန့်ကို ပေးချေဖို့ ကစားသမားနဲ့ စပိန်အစိုးရ ရှေ့နေချုပ်၊ ဘဏ္ဍာရေးဌာနတို့နဲ့ ကြာသပတေးနေ့က သဘောတူညီမှု ရရှိခဲ့ပြီး ထောင်ဒဏ် ၂ နှစ်ကိုလည်း ဆိုင်းငံ့မှာဖြစ်တယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ်ကစားသမားသစ် ရော်နယ်လ်ဒိုဟာ အခွန်လိမ်ညာမှု လေးခုဖြစ်ပွားမှုမှ အပြစ်ရှိတယ်လို့ ဝန်ခံခဲ့တာကြောင့် ထောင်ထဲဝင်ရောက်မှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

ပေါ်တူဂီစတားဟာ ၂၀၁၁-၂၀၁၄ ခုနှစ်အကြား အခွန်တိမ်းရှောင်မှု ၄ ကြိမ်မှာ ယူရို ၁၄.၈ သန်း (ဒေါ်လာ ၁၇.၃ သန်း) ဖြစ်ပွားခဲ့တယ်လို့ စွဲချက် တင်ခံခဲ့ရတာဖြစ်ပါတယ်။

အဆိုပါစုစုပေါင်းအခွန်လိမ်လည်မှု ပမာဏက ၂၀၁၁ ခုနှစ်မှာ ယူရို ၁.၃၉ သန်း၊ ၂၀၁၂ ခုနှစ်မှ ယူရို ၁.၆၆ သန်း၊ ၂၀၁၃ ခုနှစ်မှာ ယူရို ၃.၂ သန်း၊ ၂၀၁၄ ခုနှစ်မှာ ယူရို ၈.၅ သန်းဖြတာပါ။

နောက်ဆုံးသဘောတူညီချက်အရ အခွန်လိမ်လည်မှုပမာဏ ဒဏ်ငွေ ယူရို ၅.၇ သန်းကို လျော့ချပေးခဲ့ပြီး အတိုးနှုန်းကို ထည့်သွင်းခဲ့ကာ စုစုပေါင်း (အခွန်+အတိုးနှုန်း) ပေဆောင်ရမယ့် ပမာဏကတော့ ယူရိုး ၁၉ သန်းဖြစ်ပါတယ်။

ဒါအပြင် ရော်နယ်လ်ဒိုဟာ တရားရုံးကုန်ကျစရိတ်တွေကိုလည်း ပေးချေသွားရမှာဖြစ်တယ်လို့ သိရပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly