ကွန်ဒိုများ ၊ ကားများနှင့် ဆိုင်ကယ်များကို ကြိုက်စျေးဆစ်၊ကြိုက်စျေးရ၊ကြိုက်တာယူ ပုံစံဖြင့် ရောင်းချမည်

ကွန်ဒိုများ ၊ ကားများနှင့် ဆိုင်ကယ်များကို ကြိုက်စျေးဆစ်၊ကြိုက်စျေးရ၊ကြိုက်တာယူ ပုံစံဖြင့် ရောင်းချမည်
ဓာတ်ပုံ ဘိုဘို မဇ္ဈိမ 

 

ဇူလိုင် ၂၆  ။        ။ မန္တလေးမြို့တွင် ကွန်ဒိုများ ၊ ကားများနှင့် ဆိုင်ကယ်များကို  ကြိုက်ဈေးဆစ်၊ကြိုက်ဈေးရ၊ကြိုက်တာယူ ပုံစံဖြင့် လာမည့် သြဂုတ်လ ၄ ရက်မှ ၅ ရက်နေ့အထိ ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

ကြိုက်ဈေးဆစ်၊ကြိုက်ဈေးရ၊ကြိုက်တာယူသွား Expo ပွဲကို မန္တလေးမြို့၊ Hilton Hotel တွင်  ပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့၏ အဆင့်မြင့် ကွန်ဒိုပရောဂျက်ဖြစ်သော Golden City၊ Kanbe Towers ကွန်ဒို၊ River Front Garden ကွန်ဒို၊ May Inya ကွန်ဒို၊ Paragon Residence၊ My Residence ကွန်ဒို ပရောဂျက်များအပြင် Chevrolet ကားများ နှင့် Harley Davidson ဆိုင်ကယ်များကို ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင်ပါဝင်ရောင်းချမည့် အိမ်ရာ ပရောဂျက်များ၊ Chevrolet ကား နှင့် Harley Davidson ဆိုင်ကယ်များကို ဘဏ်ချေးငွေဖြင့် နှစ်ရှည် အရစ်ကျဝယ်ယူခွင့်ရရှိရန် စီစဉ်ပေးသွားမည်ဖြစ်ပြီး ကွန်ဒိုများကို ကျပ်သိန်း ၁၅၀၀ မှ စ၍ ကျပ်သိန်း ၆၀၀၀ဈေးနှုန်းအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲကို Success Property Consultant Company Ltd နှင့်Shwe Property တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး မန္တလေးမြို့နေပြည်သူူလူထုများ လာရောက်ကြည့်ရှုလေ့လာ ဝယ်ယူကြရန်လည်း ဦးကျော်သူစည်(Success Property Consultant ဒါရိုက်တာ )က ဖိတ်ခေါ်ထားသည်။

"ဒီ၂ ရက်အတွင်းမှာ ဝယ်ကြမယ်ဆိုရင် အထူးအခွင့်အရေးတွေရမယ်။ ဈေးနှုန်းတွေက နိုဝင်ဘာ ဒီဇင်ဘာ ပွင့်လင်းရာသီမှာ ဈေးမြင့်နိုင်တဲ့အခြေအနေမှာရှိပြီး Developer တွေဘက်ကလည်း ခုလို အမြဲတမ်း Discount ချပေးနိုင်တာမဟုတ်ပါဘူး။ ဒါက ဝယ်ယူသူရဲ့ ဈေးကွက်ဖြစ်တဲ့အတွက် ကြိုက်တဲ့ဈေး ဆစ်ကြပါ။"ဟု ဦးကျော်သူစည်က ပြောသည်။

အဆိုပါပြပွဲ ကျင်းပပြုလုပ်ရသည်နှင့်ပတ်သက်၍ ဇူလိုင်လ ၂၆ ရက်၊နံနက် ၉ နာရီတွင် မန္တလေးမြို့ Khayae Residence ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly