သင် အရမ်းဝနေပြီလား

သင် အရမ်းဝနေပြီလား

ရေးသားသူ Nadi
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

လူတော်တော်များများက အခြားသူကိုယ်အလေးချိန်အပေါ်ဝေဖန်တတ်ကြသည်။ ထိုပြင် အဝလွန်ခြင်းက နာတာရှည်ရောဂါ များ ဥပမာ အမျိုးအစား-၂ ဆီးချို၊ နှလုံးရောဂါနှင့် ကင်ဆာပုံစံများကိုဖြစ်စေသည်။ ဝိတ်တက်စေသော အရာများစွာ ပတ်ဝန်းကျင် မိသားစုသမိုင်း နှင့် မျိုးရိုး အစရှိသည်တို့ရှိသော်လည်း အဝလွန်ခြင်းကို နေထိုင်မှုပုံစံပြောင်းလဲခြင်းဖြင့်လုပ်နိုင်သည်။

သင်ခန္ဓာကိုယ်အလေးချိန်ရှာနိုင်သော အသုံးများဆုံးနည်းလမ်းမှာ ဘီအန်အိုင်တွက်ခြင်းဖြစ်သည်။ ဘီအန်အိုင်သည် သင်ခန္ဓာကိုယ် သင်အရပ် နှင့် သင့်အဆီပမာဏကိုတွက်ပေးနိုင်သည်။ ထိုတွက်နည်းက ဖို၊မ နှစ်ခုလုံးတွင်သုံးနိုင်သော်လည်း အချို့သူများတွင်အကန့်အသတ်တော့ရှိသည်။ဥပမာ အားကစားသမားခန္ဓာကိုယ်အဆီ နှင့် ကြွက်သားလေ့ကျင့်နေသောသူ၏အဆီ က ပုံမှန် အလုပ်လုပ်သောသူနှင့်မတူနိုင်ပါ။ဘီအန်အိုင်က ကလေးများ ဆယ်ကျော်သက်နှင့် အသက်ကြီးသူများတွင် မှားနိုင်သည်။

ဘီအန်အိုင်အဓိပ္ပါယ်များရှိသည်။

ဘီအန်အိုင်။  ခန္ဓာကိုယ်အခြေအနေ
၁၈.၅-၂၄.၉။  ပုံမှန်ကိုယ်အလေးချိန်
၂၅.ဝ-၂၉.၉။  ပုံမှန်ထက်ပိုခြင်း

၃၀.ဝ-၃၉.၉ ။ ဝခြင်း
၄၀ နှင့်အထက်အလွန်အဝလွန်ခြင်း

သင်မှန်ကြည့်ချိန်တွင် အဆီများစွာရှိနေသည်ဟုထင်ပါက သင်ခန္ဒာကိုယ်မှ သင်အလေးချိန် ကိုဖော်ပြနေခြင်းဖြစ်နိုင်သည်။ အောက်ပါအချက်များက သင်အဝလွန်နေသည်ကိုဖော်ပြသည်။

၁။လေ့ကျင့်ခန်းလုပ်ရန်စိတ်မသက်မသာဖြစ်သည်။

ပုံမှန်လှုပ်ရှားမှုလုပ်ဆောင်ခြင်းက ကျန်းမာသောအလေးချိန်ရောက်ဖို့မဖြစ်မနေလိုအပ်သောအရာဖြစ်သည်။ သင်က လေ့ကျင့်ခန်းလုပ်ရန် စိတ်ပင်ပန်းသည်၊ မလုပ်လိုဘူးဟု ခံစားနေရပါက သင်ဝလာတော့မည်ဟုပြသောလက္ခဏာဖြစ်သည်။လေ့ကျင့်ခန်းကသင့်အလးချိန်ကိုထိန်းထားပေးရုံမက သင်ကျန်းမာရေးပြသာနာများကိုပါလျော့ချပေးနိုင်သည်။

၂။သင်ဟောက်တာကျယ်ခြင်း။

ဟောက်တာကျယ်ပြီး ကောင်းစွာမအိပ်ပျော်ခြင်းက အခြေအနေတော်တော်များများ ဥပမာ အိပ်ရင်းအသက်ရှုရပ်ခြင်း နှင့် အဝလွန်ခြင်းတို့ကြောင့်ဖြစ်နိုင်သည်။အဝလွန်ခြင်းက သင့်အသက်ရှုလမ်းကြောင်းကိုပြဿနာပေးသည်။ အဘယ်ကြောင့်ဆိုသော် သင်ဝလာသည်နှင့်အမျှ အဆီကိုသင့်လည်ပင်းတစ်ဝိုက်စုလာပြီး လေဝင်ပေါက်ကိုကျဥ်းစေကာ တခါတရံအသက်ရှုရပ်သည်အထိဖြစ်နိုင်သည်။

၃။သင်တောက်လျောက်ဗိုက်ဆာနေသည်ဟုခံစားရခြင်း။

သင်နာရီပိုင်းအတိုင်း ဟမ်ဘာဂါအကြီးစားပြီးသွားသော်လည်းနောက်ထပ်စားလိုစိတ်ရှိသေးသည်။ ထိုအရာက အသင့်စားအစာသကြားလုံးတို့စားပြီး ဟန်ဆောင်ပြည့်ဝမှုဖြစ်ခြင်းသက်သာသာဖြစ်သည်။ထိုကျန်းမာရေးနှင့်မညီသောအစာများတွင် သင်အကြာကြီးဗိုက်ဝနေသည်ဟုခံစားစေသော အမျှင် ပရိုတင်းနှင့်ကျန်းမာသောအဆီများမပါဝင်နိုင်ပါ။

၄။နာသောအစက်များသင့်ခန္ဓာကိုယ်တွင်ပေါ်လာခြင်း။

ဖက်တီးတစ်ရှုးအောက်တွင်ယောင်ခြင်းက သင်အရေပြားပေါ်တွင် အညိုအမဲစွဲခြင်းကိုဖြစ်စေသည်။ ထိုအစက်များက အရေပြားမာပြီးနာလာစေသည်။သင့်ဘီအန်အိုင်က ပုံမှန်ထက်မပိုဘူးဟုဖော်ပြနေပါက တစ်ခါတရံ သင်နေရာတော်တော်များမျျားတွင်နာသည်ခံစားမိနေပါက သင်ဝိတ်ချအစာများ စားခြင်းနဲ့ လေ့ကျင့်ခန်းများကိုစလုပ်သင့်သည်။

ကျန်းမာသောကိုယ်အလေးချိန်ရရှိနေထိုင်နိုင်ရန် အချိန်များ၊ အားများသုံးရနိုင်သည်။ အဓိကအားဖြင့် အဝလွန်သူတို့အတွက်။ သို့သော် သင်ကျန်းမာသောခန္ဓာကိုယ်သည် စိတ်ပိုင်းရုပ်ပိုင်းကာကွယ်ထောက်ပံ့မှုများစွာလည်းလိုနိုင်သည်။မှန်ကန်သောအစားအသာက် လေ့ကျင်ခန်းနှင့် ကျန်းမာသောနေထိုင်မှုများဖြင့် သင်ခန္ဓာကိုယ်အလေးချိန်ပါလျော့ချစေနိုင်ပြီး   နှာတာရှည်ရောဂါဖြစ်နှုန်းကိုလျေ့ာ့ချနိုင်သည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly