အီးယူနဲ့ ကုန်သွယ်ရေးစစ် ချုပ်ငြိမ်းရေး သဘောတူခဲ့ကြောင်း ထရမ့် ကြေညာ

အီးယူနဲ့ ကုန်သွယ်ရေးစစ် ချုပ်ငြိမ်းရေး သဘောတူခဲ့ကြောင်း ထရမ့် ကြေညာ

ဝါရှင်တန်၊ ဇူလိုင် ၂၆ ။                       ။ ဥရောပကော်မရှင် ဥက္ကဌ ဂျင်းကလော့ဂျန်ကာနဲ့ ဝါရှင်တန်မှာ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သွင်းကုန်စည်းကြပ်ခွန် သုညအခြေအနေအထိ ဖော်ဆောင်သွားရန် အီးယူနဲ့ သဘောတူလိုက်ကြောင်း ဇူလိုင် ၂၅ ရက်မှာ ကြေညာပါတယ်။

သွင်းကုန်စည်းကြပ်ခွန်နဲ့ ကုန်သွယ်ရေးအတားအဆီးတွေ သုညမှတ်  ပေါ်လစီအထိ အရောက်လှမ်းရေး အီးယူနဲ့ ၎င်းက သဘောတူညီခဲ့ကြောင်း ထရမ့်က ပြောပြီး “ကျွန်တော်တို့ ခုဆိုရင် မှန်ကန်တဲ့ လမ်းကြောင်းမှာ စေ့စပ်ညှိနှိုင်းမှုတွေ စတင်လုပ်ဆောင်နေပါပြီ။ ဒါပေမယ့် ဘယ်အထိ ချီတက်ရမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အမေရိကန်-ဥရောပ ကုန်သွယ်ရေးဆက်ဆံမှု လမ်းကြောင်းသစ်ပါပဲ။”လို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

ဆွေးနွေးပွဲတွေ လုပ်ဆောင်နေတဲ့ ကာလမှာ အမေရိကန်နဲ့ အီးယူဟာ အခြား စည်းကြပ်ခွန်တွေကို ရပ်ဆိုင်းထားမှာဖြစ်ကြောင်းလည်း တစ်ချိန်တည်းမှာ ဥက္ကဌ ဂျင်းကလော့ဂျန်ကာက ပြောပါတယ်။

အီးယူက အမေရိကန် အနောက်အလယ်ပိုင်းထွက် ပဲပုပ်တွေကို တင်သွင်းမှာ ဖြစ်သလို ၎င်းရဲ့ စွမ်းအင်ရင်းမြစ်အတွက် သဘာဝဓာတ်ငွေ့တွေ တင်သွင်းမယ့်အပြင် စက်မှုလုပ်ငန်းအခွန်တွေကိုလည်း လျှော့ချသွားမှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲ မပြုလုပ်ခင် ပူးတွဲကြေညာချက်ထုတ်ပြန်ရာမှာ ထရမ့်က ပြောလိုက်ပါတယ်။

 ခုလို နှစ်ဖက်စလုံးက သွင်းကုန်စည်းကြပ်ခွန်တွေ လျှော့ချပြီး ကုန်လွန်ခဲ့တဲ့ လတွေမှာ ကုန်သွယ်ရေးတင်းမာခဲ့ကြတာကို ဖြေလျှော့ရေး အပါအဝင် ကုန်သွယ်ရေးသဘောတူညီချက် ရရှိတာနဲ့ ပတ်သက်ပြီး ဂျန်ကာကလည်း ဂုဏ်ယူချီးမွှမ်းခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags