၂၀၁၅ မြန်မာနေရှင်နယ် လိဂ်-၂ နောက်ဆုံးပွဲစဉ်အချို့ ကွင်းနှင့် ကျင်းပချိန် ပြောင်းလဲထား

၂၀၁၅ မြန်မာနေရှင်နယ် လိဂ်-၂ နောက်ဆုံးပွဲစဉ်အချို့ ကွင်းနှင့် ကျင်းပချိန် ပြောင်းလဲထား
GFA နှင့် ဆောက်သမ်းတို့ ပထမအကျော့ တွေ့ဆုံစဉ်။ ဓာတ်ပုံ - သောကြာ

၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၈ နောက်ဆုံးပွဲစဉ်၏ အချို့ ပွဲစဉ်များကို ကျင်းပချိန်နှင့် ဘောလုံးကွင်း အပြောင်းအလဲအချို့ ပြုလုပ်ထားသည်။

အစောပိုင်းက စက်တင်ဘာ ၄ ရက်၊ ပဒုမ္မာဘောလုံးကွင်းတွင် ကစားရန် စီစဉ်ထားသော ဆောက်သမ်းအသင်းနှင့် GFA အသင်းတို့ ပွဲစဉ်ကို အောင်ဆန်းကွင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အဆိုပါပွဲစဉ် ကို စက်တင်ဘာ ၆ ရက် ၊ ညနေ ၄ နာရီတွင် စတင် ကစားမည် ဖြစ်သည်။ အလားတူ တန်းတက်ရန် ရာခိုင်နှုန်း များနေသော Horizon အသင်းနှင့် တက္ကသိုလ်လက်ရွေးစင် အသင်းတို့ ပွဲစဉ်ကိုလည်း ပွဲချိန် ပြောင်းလဲထားသည်။

အစောပိုင်းက Horizon အသင်းနှင့် တက္ကသိုလ်လက်ရွေးစင် အသင်းတို့ပွဲကို စက်တင်ဘာ ၆ ရက်၊ ပဒုမ္မာဘောလုံးကွင်းတွင် ညနေ ၃ နာရီခွဲတွင် ကစားရန် စီစဉ်ထားသော်လည်း ညနေ ၃ နာရီ တွင်ပြောင်းလဲကစားရန် သတ်မှတ်ပေးခဲ့သည်။

ကျန်ရှိသော ပွဲစဉ်များကိုမူ မူလအတိုင်း ကစားရန် စီစဉ်ထားပြီး စက်တင်ဘာ ၄ ရက်၊ စလင်း ကွင်းတွင် မောရဝတီအသင်းနှင့် Best United အသင်း၊ စက်တင်ဘာ ၅ ရက်၊ ပဒုမ္မာကွင်းတွင်ငွေကြယ်ပွင့် အသင်းနှင့် မြဝတီအသင်း၊ စက်တင်ဘာ ၅ ရက်၊ စလင်းကွင်းတွင် ဒဂုံအက်ဖ်စီအသင်းနှင့် ဖုန်ဂန် အသင်းတို့ ကစားကြမည် ဖြစ်သည်။

၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင် ဆောက်သမ်းအသင်းက ပွဲစဉ် မကုန်ဆုံးမီ၌ပင် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်သို့ တန်းတက်ခဲ့ပြီဖြစ်ပြီး ဒုတိယ လက်ကျန် တန်းတက် ခွင့် တစ်နေရာအတွက် Horizon အသင်းနှင့် GFA အသင်းတို့ အကြိတ်အနယ် ဖြစ်နေသည်။

လက်ရှိ အချိန်တွင် Horizon အသင်းနှင့် GFA အသင်းတို့မှာ ရမှတ် ၃၅ မှတ်စီဖြင့် အမှတ်ပေးဇယား အဆင့် ၂၊ ၃ နေရာတွင် ရပ်တည်နေသည်။ Horizon အသင်းသည် နောက်ဆုံးပွဲစဉ်တွင် တက္ကသိုလ် လက်ရွေး အသင်းနှင့် ကစားမည်ဖြစ်သော်လည်း GFA အသင်းမှာမူ ဆောက်သမ်းအသင်းနှင့် ကစားရမည် ဖြစ်သည်။ ထို့ပြင် Horizon အသင်းသည် GFA အသင်းနှင့် ရမှတ် တူညီနေသော်လည်း ဂိုးကွာခြား ချက် သာလွန်နေသဖြင့် တန်းတက်ရန် အလားအလာ အကောင်းဆုံး ဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly