တာရာပွကြီး ကာတွန်းဇာတ်ကောင်ကို ရုပ်ရှင်ဇာတ်လမ်းတို ရိုက်ကူးမည်

တာရာပွကြီး ကာတွန်းဇာတ်ကောင်ကို ရုပ်ရှင်ဇာတ်လမ်းတို ရိုက်ကူးမည်

ရန်ကုန် ၊ ဇူလိုင် ၂၅ ရက် ။            ။ ကာတွန်းဇာတ်ကောင် တာရာပွကြီးကို ရုပ်ရှင်ဇာတ်လမ်းအတိုအဖြစ် ရိုက်ကူးပုံဖော်တော့မည်ဖြစ်ကြောင်း  တာရာပွကြီးအဖြစ် သရုပ်ဆောင်မည့် ကိုမင်းမင်းကို က ပြောသည်။

" ဇာတ်လမ်းအတွက်တော့ကျွန်တော် ကိုယ်တိုင်ဖန်တီးထားတာဖြစ်ပါတယ်။ တာရာပွကြီးရဲ့ ဇာတ်ရုပ်ကိုပဲ အဓိက ယူထားတာပါ။ ကျွန်တော် ဒီဇာတ်ကောင်ကို ရိုက်ကူးခွင့်ရဖို့ကို သက်ဆိုင်ရာဆရာ ဗျူးတို့ဆီကလည်း ခွင့်ပြုချက်တောင်းပြီးမှ ဆရာတို့ ခွင့်ပြုမှ ရိုက်တာပါ ”ဟု သရုပ်ဆောင်မည့် ကိုမင်းမင်းကို က ဆိုသည်။

ကာတွန်းဇာတ်လမ်းထဲမှ တာရာပွကြီး၏ ဇာတ်ကောင်ကို ရုပ်ရှင်ရိုက်ကူးရာတွင် ထပ်တူကျစေရန် အချိန် ၄ လ ခန့် ပြင်ဆင်ခဲ့ရပြီး ရိုက်ကူးမှုများပြီးဆုံးပါက ၅ မိနစ်ခန့်ရှိသော ဗီဒီယိုဖိုင်များဖြင့် လူမှုကွန်ယက်ရှိ တာရာပွကြီး Facebook Page တွင် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာတင်ပြသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly