သမီးဖြစ်သူ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခံနေရမှုအား ၈ နှစ်ကြာမြင့်ပြီးမှ မိခင်က တိုင်တန်း

သမီးဖြစ်သူ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခံနေရမှုအား ၈ နှစ်ကြာမြင့်ပြီးမှ မိခင်က တိုင်တန်း

 

ပုသိမ်၊ ဇူလိုင် ၂၅ ။                      ။ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ၊ဆင်ကူးကျေးရွာအုပ်စု၊…….ကျေးရွာတွင် သမီးဖြစ်သူ အဓမ္မပြုကျင့်ခံနေရမှုအား ၈ နှစ်ကြာမြင့်ပြီးမှ မိခင်က တိုင်တန်းခဲ့မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဒေါ်……..၏ သမီးဖြစ်သူအား နောက်အိမ်ထောင်ဖြစ်သူ ဦးဇော်ဌေးက ၈ နှစ်ကြာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း လာရောက်တိုင်တန်းသဖြင့် မြောင်းမြမြို့နယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင့် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

“ မယားပါသမီးအား ၂၀၁၀ လောက်က မုဒိမ်းမှု ကျူးလွန်ခဲ့တယ် ။ ဒါကို လူမှုရေးအရ သမီးရဲ့အရှက် ကို ထိန်းသိမ်းတဲ့အနေအထား ၊နောက်ပိုင်း သည်းမခံနိုင်တဲ့အဆုံးမှာ လာရောက်တိုင်တန်းတာ ဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

၂၀၁၀ ခုနှစ်က အလယ်တန်းဆရာမဖြစ်သော ဒေါ်…..မှာ  ဖောင်ကြီးသင်တန်း ၁လခွဲ တက်ရောက် ရသဖြင့် နေအိမ်တွင် ခင်ပွန်းဖြစ်သူဦးဇော်ဌေးနှင့် သမီးအကြီးနှင့် နောက်အိမ်ထောင်မှ မွေးသော သမီးအငယ်တို့ ၃ ဦး ကျန်နေခဲ့ ကြောင်း၊သင်တန်းပြီးဆုံးပြီး အိမ်သို့ပြန်လည်ရောက်ရှိစဉ် ပထမအိမ်ထောင်နှင့်ရရှိသာ သမီးဖြစ်သူမှာ ၎င်းအား ပထွေးဖြစ်သူ အလိုမတူပဲ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ပြောပြခဲ့သည်။

ကျူးလွန်သူ ဦးဇော်ဌေးက အခြားသူများကို ပြောလျှင် ဒေါ်…….နှင့် သမီးဖြစ်သူတို့အား သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊သမီးဖြစ်သူကို တစ်ရှက်မှ နှစ်ရှက်ဖြစ်မည်စိုးရိမ်သဖြင့် မည်သူကိုမှ ပြန်မပြောဘဲ နေခဲ့ကြောင်း၊၂၀၁၃ ခုနှစ်တွင် သမီးဖြစ်သူအား ကိုယ်ဝန်ပျက်ကျစေသော ဆေးများတိုက်ခဲ့သောကြောင့် သမီးဖြစ်သူမှာ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲလွန်းသဖြင့် မြောင်းမြပြည်သူ့ဆေးရုံသို့တက်ရောက်ကာ သားအိမ် ခြစ်ခဲ့ရပြီး၊ ၁လခွဲအကြာတွင် ထပ်မံ ထပ်မံ ကျုးလွန်ခဲ့ကြောင်း၊၂၀၁၅ခုနှစ် ဆယ်တန်းစာမေးပွဲဖြေဆိုနေချိန်တွင် ၄ ရက်ပိတ်သည့်ရက်တွင် ဦးဇော်ဌေးက ပြန်ခေါ်ပေးရန်ပြောသောကြောင့် ကြောက်လန့်ပြီးပြန်ခေါ်ပေးရကြောင်း၊ အရှက်ခွဲမည် ၊ ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း၊ ၈ နှစ်နီးပါးခန့်အလိုမတူဘဲသားမယားပြုကျင့်မှုအား အရေးယူ ပေးရန် ဇူလိုင်လ ၂၄ရက်နေ့က ဒေါ်…….က မြောင်းမြမြို့မရဲစခန်းတွင် တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါအမှုမှာ မြောင်းမြမြို့ရဲစခန်း (ပ)၁၀၆၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး အဆိုပါ ကျူးလွန်သူအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly