စွန့်ဦးတီထွင်သူ Joshua Kushner နှင့်စေ့စပ်လိုက်သည့် Victoria Secret မော်ဒယ်လ် Karlie Kloss

စွန့်ဦးတီထွင်သူ Joshua Kushner နှင့်စေ့စပ်လိုက်သည့် Victoria Secret မော်ဒယ်လ် Karlie Kloss

ဇူလိုင် ၂၅ ။              ။ စူပါမော်ဒယ်လ် Karlie Kloss နဲ့သူမရဲ့ရည်းစား Joshua Kushner တို့ဟာ ရည်းစားသက်တမ်း ၆ နှစ်တာကာလမှာ စေ့စပ်လိုက်ကြပြီဖြစ်ပါတယ်။

Joshua ဟာ Karlie နဲ့အတူ နယူးယော့ခ်သွားတုန်းက လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် မော်ဒယ်လ်၊ Kode with Klossy ပိုင်ရှင်၊ Swarovski၊ Adidas နဲ့ Estee Lauder Brand ကိုယ်စားလှယ်ဖြစ်တဲ့ Karlie Kloss ဟာ စွန့်ဦးတီထွင်သူ Joshua နဲ့ ၂၀၁၂ ခုနှစ်ကတည်းက လူသိရှင်ကြား တွဲခဲ့တာဖြစ်ပါတယ်။

Joshua Kushner ရဲ့ အစ်ကို Jared Kushner ဟာ အမေရိကန်သမ္မတ Donald Trump ရဲ့အကြံပေးအရာရှိဖြစ်သလို Ivanka Trump ရဲ့ခင်ပွန်းဖြစ်ပါတယ်။ နိုင်ငံရေးကဏ္ဍက တော်စပ်လာမယ့် ဆွေမျိုးတွေအကြောင်းကို Karlie အနေနဲ့ လူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲတုန်းက Hilary Clinton အတွက် မဲပေးခဲ့တယ်လို့တော့ ပြောဖူးပါတယ်။

 Joshua နဲ့မစေ့စပ်ခင်က Karlie Kloss ဟာ ဂျူးဘာသာကို ခံယူခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူက PEOPLE ကိုပြောပါတယ်။

လက်ရှိအချိန်မှာတော့ Karlie နဲ့ Joshua တို့ဟာ အီတလီကို အပန်းဖြေသွားရောက်လည်ပတ်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly