လက်ရှိအေဂျင်စီနှင့် ထပ်မံသက်တမ်းမတိုးဘဲ လွတ်လပ်စွာ တစ်ကိုယ်တော် လုပ်ကိုင် သွားရန် စဉ်းစားနေသည့် ရိန်း

လက်ရှိအေဂျင်စီနှင့် ထပ်မံသက်တမ်းမတိုးဘဲ လွတ်လပ်စွာ တစ်ကိုယ်တော် လုပ်ကိုင် သွားရန် စဉ်းစားနေသည့် ရိန်း

တောင်ကိုရီးယားအဆိုတော် သရုပ်ဆောင် ရိန်းသည် Cube Entertainment အေဂျင်စီနှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ ယခုလကုန်တွင် ပြည့်ပြီဖြစ်ပြီး လက်ရှိအချိန်၌ ရိန်းသည် အေဂျင်စီနှင့် ထပ်မံ စာချုပ်ချုပ်ဆိုရန် ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးလျက်ရှိကြောင်း အတွင်းလူ တစ်ဦးက ပြောကြားသည်။

ရိန်းသည် Cube အေဂျင်စီနှင့် ထပ်မံ စာချုပ်ချပ်ဆိုနိုင်ခြင်း၊ သို့မဟုတ် အေဂျင်စီနှင့် စာချုပ် ချုပ်ဆိုခြင်း မရှိဘဲ အနုပညာလုပ်ငန်းများကို လွတ်လပ်စွာ တစ်ကိုယ်တော် လုပ်ဆောင်သွားနိုင်ဖွယ် ရှိသည်။

“ ရိန်းဟာ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိနဲ့ စာချုပ်ထပ်မံ ချုပ်ဆိုရေးကိစ္စကို ဆွေးနွေးနေပါ တယ်။ ဒါပေမဲ့ သူဟာ မဆုံးဖြတ်ရသေးပါဘူး။ မကြာမီမှာ သူဆုံးဖြတ်သွားနိုင်ဖွယ် ရှိပါတယ်” ဟု ရိန်းနှင့် ရင်းနှီးသူ တစ်ဦးက ပြောကြားသည်။

ရိန်းသည် စစ်မှုထမ်းတာဝန်များ ထမ်းဆောင်ပြီးစီးပြီးနောက် Cube Entertainment နှင့် ၂၀၁၃ ခုနှစ် စက်တင်ဘာလက စာချုပ် ချုပ်ဆိုခဲ့သည်။ ရိန်းသည် ၎င်း၏ ဆဋ္ဌမမြောက် တေးသီချင်း အယ်လ်ဘမ် Rain Effect ကို Cube အေဂျင်စီနှင့်အတူ ပူးပေါင်း ထုတ်လုပ်ခဲ့သည်။ ပြီးခဲသည့်နှစ် နိုဝင်ဘာလကလည်း She’s So Lovable ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ကာ အနုပညာလောက ထဲသို့ ပြန်လည် ဝင်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly