မင်းလှမြို့သို့ ၅ လအတွင်း အထောက်အထားမဲ့ ဘင်္ဂါလီ ၁၀၀ ကျော်ဝင်ရောက်

မင်းလှမြို့သို့ ၅ လအတွင်း အထောက်အထားမဲ့ ဘင်္ဂါလီ ၁၀၀ ကျော်ဝင်ရောက်

 ဇူလိုင် ၂၄ ။               ။ မကွေးတိုင်းဒေသကြီး မင်းလှမြို့သို့ တရားမဝင်အထောက်အထားမဲ့ဖြင့် ဝင်ရောက်လာသော ဘင်္ဂါလီ အရေအတွက်မှာ ၅ လအတွင်း လူ ၁၀၀ ကျော်အထိ ရှိခဲ့ကြောင်း မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မင်းလှမြို့နယ်တွင် ၂၀၁၈ခုနှစ် မတ်လမှ ဇူလိုင်လ ၂၄ရက်နေ့အထိ တရားမဝင် အထောက်အထားမဲ့ ဝင်ရောက်လာ၍ ဖမ်းဆီးရမိသော မွတ်ဆလင်/ဘင်္ဂါလီဦးရေမှာ (၁၀၅)ဦးအထိ ရှိခဲ့သည်။

“တရားမဝင် ဝင်ရောက်လာတဲ့ မွတ်ဆလင်တွေဟာ မလေးရှားနိင်ငံမှာ သွားပြီးအလုပ်လုပ်မယ်လို့ သိရပါတယ်။ ဒါဟာ သူတို့ရဲ့ ပြောဆိုချက် စစ်ဆေးချက်အရပေါ့။ ဒါဟာ ဖြစ်လည်းဖြစ်နိင်တယ်၊ ဖြစ်ချင်မှလည်း ဖြစ်နိင်မှာပါ။ ပြောလ့ိုတော့ မရဘူးပေါ့။ သို့သော်လည်း ကျွန်တော်တို့ မြို့နယ်ထဲမှာ တရားမဝင် ဝင်လာပြီဆိုတဲ့ နောက်မှာတော့ တည်ဆဲဥပဒေအရ သတိချပ်ပြီးအမြဲတမ်း တားဆီးနေမှာ ဖြစ်ပါတယ်”ဟု မင်းလှမြို့နယ်မှ ရဲတပ်ဖွဲ့မှူး ရဲမှူး ထင်အောင်လင်းက ပြောသည်။

၎င်းတို့သည် ရခိုင်ပြည်နယ်ဘက်မှ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ပြီး၂၀၁၈ခုနှစ် မတ်လတွင် မွတ်ဆလင်/ ဘင်္ဂါလီဦး(၆၄)ဦး၊ ဧပြီလတွင် (၁၁)ဦး၊ဇူလိုင်လတွင် (၃၀)ဦး စုစုပေါင်း(၁၀၅)ဦးအထိ တရားမဝင် ဝင်ရောက် ခဲ့ပြီး အဆိုပါ ဝင်ရောက်လာမှုများကို လဝကအက်ဥပဒေဖြင့် အရေးယူထားကြောင်း မင်းလှမြို့နယ်မှရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းက မဇ္ဈိမသို့ ပြောသည်။

ခိုးဝင်လာသူများတွင် အသက်(၁၈)နှစ်အထက် ကျား(၅၇)ဦး၊ မ(၃)ဦး စုစုပေါင်း(၆၀)ဦးကို မင်းလှမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပြီး သရက်အကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း၊ လူငယ်(၂)ဦးအား မန္တလေးအကျဉ်းထောင်သို့လည်းကောင်း အသက်(၁၈)နှစ်အောက် လူငယ်(၂၃)ဦးကို မန္တလေး လူငယ် သင်တန်းကျောင်းသို့ ပို့ဆောင်ထားကြောင်း၊မင်းတုန်းမြို့နယ်သို့ (၁၄)ဦးအား ပြန်လည်လွှဲပြောင်း ပေးခဲ့ကြောင်း မင်းလှမြို့မရဲစခန်းမှ သိရသည်။

ထို့အပြင် ဖမ်းဆီးထားသည့်ထဲမှ အသက်မပြည့်သေးသည့်ကလေး(၂)ဦး ကို မကွေးလူမှုဝန်ထမ်းပြုစုရေးဌာန သို့ ပို့ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly