ငွေကြေးကစားနေတယ်ဆိုတဲ့ ထရမ့်ရဲ့ စွပ်စွဲချက်ကို တရုတ် ပယ်ချ

ငွေကြေးကစားနေတယ်ဆိုတဲ့ ထရမ့်ရဲ့ စွပ်စွဲချက်ကို တရုတ် ပယ်ချ

ပေကျင်း၊ ဇူလိုင် ၂၄ ။       ။ ပို့ကုန်သမားတွေ နှာတစ်ဖျားအသာစီးရအောင် ယွမ်ငွေကြေးကို ကစားနေတယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စွပ်စွဲချက်ကို တရုတ်နိုင်ငံက ပယ်ချလိုက်ပါတယ်။

တရုတ်နိုင်ငံအပေါ် ခုလို စွပ်စွဲချက်ဟာ ကုန်သွယ်ရေးစစ်ပွဲကို မီးမွှေးဖို့ ဝါရှင်တန်ရဲ့ မရိုးမသား လုပ်ရပ်ဖြစ်ပုံရတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်မှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

တရုတ်နဲ့ ဥရောပဟာ ၎င်းတို့ရဲ့ ငွေကြေးကို ဈေးကစားနေတယ်ဆိုပြီး သမ္မတ ထရမ့်ဟာ ဇူလိုင် ၂၀ ရက်က ပြောဆိုလို့ ကုန်သွယ်ရေးတင်းမာမှုကို အရှိန်မြှင့်လိုက်ပါတယ်။

ဒါ့အပြင်လည်း အမေရိကန်နိုင်ငံဆီ တင်သွင်းမယ့် တရုတ်ထုတ်ကုန်အားလုံးအပေါ် သွင်းကုန်ခွန် ချမှတ်ဖို့ အသင့်ရှိနေကြောင်းလည်း ထရမ့်က ကြေညာခဲ့ပါတယ်။

ဒါပေမယ့် ထရမ့်ရဲ့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ပြီး ယွမ်ငွေတန်ဖိုး နှုန်းထားဟာ ဈေးကွက်ပေါ် မူတည်ပြီးတာ အတက်အကျ ဖြစ်ကြောင်း ပေကျင်းမှာ ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ခဲ့ပါတယ်။

“တရုတ်နိုင်ငံဟာ ဈေးကွက်အနိုင်ပိုင်းလိုစိတ်နဲ့ ယွမ်ငွေတန်ဖိုးကို လျှော့ချပြီး ပို့ကုန်ကဏ္ဍ အသာရအောင် လုပ်မယ်ဆိုတဲ့ သဘောထားဆန္ဒမျိုး ရှိမနေဘူး။”ဆိုပြီး ယင်းဝန်ကြီးဌာန ပြောခွင့်ရသူ ကျန်ရှောင်းက သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags