Barcelona မြို့၌ ဖြစ်ပွားခဲ့သော ပစ်ခတ်မှုကို စပိန်ရဲများ စုံစမ်းစစ်ဆေးနေ

Barcelona မြို့၌ ဖြစ်ပွားခဲ့သော ပစ်ခတ်မှုကို စပိန်ရဲများ စုံစမ်းစစ်ဆေးနေ

 

ဇူလိုင် ၂၃ ။                   ။ ယနေ့မနက်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် လူတစ်ယောက်သေဆုံးသွားပြီး နောက်တစ်ယောက်ကို ဆေးရုံပို့ထားလိုက်ပြီဖြစ်ပါတယ်။

အဆိုပါဖြစ်ရပ်ကို စပိန်နိုင်ငံအရှေ့မြောက်ဘက်ခြမ်းရှိ Catalonia ခရိုင်ရဲတွေက စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။

မနက် ၂ နာရီခွဲလောက်မှာ Barcelona လမ်းမှာရပ်ထားတဲ့ ကားထဲမှာ လုပ်ကြံခံရတဲ့သူတွေကို တွေ့လိုက်တော့မှ ခရိုင်ရဲတွေကို အကြောင်းကြားလိုက်တာဖြစ်ပါတယ်။

တစ်ယောက်ကို ကယ်တင်ဖို့ ကြိုးစားပေမယ့် သေဆုံးသွားခဲ့ပြီး ကျန်တစ်ယောက်ကို ဆေးရုံပို့ထားလိုက်တယ်လို့ သိရပါတယ်။

Barcelona ရဲတွေကတော့ မှုခင်းဖြစ်ပွားရတဲ့အကြောင်းရင်းကို စုံစမ်းလျက်ရှိပြီး တရားခံကို ရှာဖွေနေကြပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly