Selena Gomez ရဲ့ အသက် ၂၆ နှစ်ပြည့်မွေးနေ့အတွက် မွေးနေ့ကိတ်လုပ်ပေးတဲ့ Taylor Swift

Selena Gomez ရဲ့ အသက် ၂၆ နှစ်ပြည့်မွေးနေ့အတွက် မွေးနေ့ကိတ်လုပ်ပေးတဲ့ Taylor Swift

 

ဇူလိုင် ၂၃ ။                   ။ Wolves အဆိုတော် Selena Gomez ဟာပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာပဲ အသက် ၂၆ နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။

Reputation အယ်လ်ဘမ်အတွက် ကမ္ဘာလှည့်ဖျော်ဖြေနေတဲ့ Taylor Swift  က၎င်းရဲ့ချစ်သူငယ်ချင်း Selena အတွက် Instagram မှာဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

“ကျွန်မအချစ်ဆုံး သူငယ်ချင်းနားမှာမရှိလည်း သူ့မွေးနေ့အတွက် ကျင်းပမှာပဲ။” ဆိုတဲ့စာသားလေးနဲ့ Selena အတွက်လုပ်ပေးထားတဲ့ ကိတ်မုန့်လေးကို Taylor က Instagram မှာတင်ခဲ့တာဖြစ်ပါတယ်။

ကိတ်မုန့်လေးရဲ့ထိပ်မှာ Selena Gomez နာမည်နဲ့ နံပါတ် ၂၆ အပြင် “ဒါမှမဟုတ်အိမ်ပြန်” ဆိုပြီး Selena ကိုနောက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။

Paris Hilton ကလည်း Selena မွေးနေ့အတွက် အဖြူအမဲဓာတ်ပုံလေးနဲ့ ဆုတောင်းပေးထားပြီး ဓာတ်ပုံထဲမှာ Paris Hilton နဲ့၎င်းရဲ့ညီမ Nicky တို့က Selena ကိုနှုတ်ဆက်နေတာကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။

မတ်လမှာပြတ်သွားတဲ့ Selena ရဲ့ရည်းစားဟောင်း Justin Bieber ဆီကနေ ဘာမွေးနေ့ဆုတောင်းမှ ရောက်မလာသေးဘူးလို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly