ရခိုင်တွင် မဲရုံ ၂၀၀ စောင့်ကြည့်ရန် တင်မည်ဖြစ်ပြီး စောင့်ကြည့်ရေး သင်တန်းပေးနေ

ရခိုင်တွင် မဲရုံ ၂၀၀ စောင့်ကြည့်ရန် တင်မည်ဖြစ်ပြီး စောင့်ကြည့်ရေး သင်တန်းပေးနေ

ဝံလက်ဖောင်ဒေးရှင်းသည် ရခိုင်ပြည်နယ်အနှံ့ မဲရုံ ၂၀၀ ကို စောင့်ကြည့်ရန် တရားဝင် ခွင့်ပြု ချက် တင်သွားမည်ဖြစ်ပြီး မဲပေးပြီးနောက် ဖြစ်ပွားလာနိုင်သည့် ပဋိပက္ခများကိုလည်း စောင့်ကြည့် သွားမည်ဟု ဝံလက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင် ဦးခိုင်ကောင်းစံ က ပြောသည်။

"၂၀၁၀ ရွေးကောက်ပွဲတုန်းကဆိုရင် အရပ်ဘက် အဖွဲ့အစည်းတွေ မဲရုံစောင့်ကြည့်ဖို့ တရားဝင် မရခဲ့ကြဘူး။ အခု ၂၀၁၅ မှာတော့ တရားစောင့်ခွင့်ရတဲ့အတွက် မရိုးမသား လုပ်ဆောင်ချက်တွေ အဓိ ကထား စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၀ တုန်းကဆိုရင် မရိုးမသားမှုတွေ ရှိခဲ့တယ်။ မဲမသမာ မှုဖြစ်တွေ ဖြစ်ခဲ့တယ်" ဟု ၎င်းက ပြောသည်။

လက်ရှိတွင်လည်း ရခိုင်ပြည်နယ်အနှံ့ မဲရုံများ တရားဝင်စောင့်ကြည့်သွားရန် မြို့နယ် ၇ ခုမှ ၂၅ ဦးကို စစ်တွေမြို့၌ ဝံလက်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ သုံးရက်တာ သင်တန်းပေးနေ ကြောင်း သိရသည်။

သင်တန်းသားများမှာ အမ်း၊ ကျောက်ဖြူ၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း နှင့် စစ်တွေမြို့တို့မှ ဖြစ်ပြီး စက်တင်ဘာလ ၃ ရက်မှ ၅ ရက်အထိ သုံးရက်ကြာမည် ဖြစ်သည်။

မဲရုံစောင့် တစ်ဦးအဖြစ်သော်လည်းကောင်း၊ မဲဆန္ဒရှင်တစ်ဦး အဖြစ်သော်လည်းကောင်း သိထားရမည့် အချက်အလက်များကို အဓိက သင်ကြားပေးခြင်းဖြစ်ကြောင်း ဦးခိုင်ကောင်းစံ က ပြောသည်။

" မဲရုံစောင့်တစ်ယောက်ဟာ မဲရုံကိုသွားပြီဆိုရင် မဲရုံမှာရှိနေတဲ့ ပစ္စည်းတွေကို သိထားဖို့လို ပါတယ်။ ဥပမာ ဖယောင်းတိုင်၊ မီးခြစ်၊ ဆိုလာမီးစသဖြင့်ပေါ့။ အဲဒီပစ္စည်းတွေကို ဘာဖြစ်လို့ ထားတာ လဲဆိုတာကို သိထားဖို့ လိုပါတယ်။ နောက်ပြီးတော့ ပုံမှန်အားဖြင့်ဆိုရင် မဲရုံမှူး ရှိတယ်။ လက်ထောက် မဲရုံမှူး ရှိတယ်ပေါ့။ နိုင်ငံရေးပါတီတွေက စောင့်တဲ့ ကိုယ်စားလှယ်တွေလည်း ရှိတယ်ပေါ့။

အရပ်ဘက် အဖွဲ့အစည်းတွေကလည်း စောင့်တဲ့သူတွေလည်း ရှိမှာပေါ့။ အဲဒီလူတွေမဟုတ်ဘဲနဲ့ နောက်ထပ် လည်း အပြင်ကလူတွေ ရှိနေတယ်ဆိုရင် ဒီလူတွေဟာ ဘယ်သူတွေလဲဆိုတာကိုလည်း ခွဲခြားသိဖို့ လိုပါတယ်။ ဒါတွေကို သင်ကြားပေးပါတယ်" ဟု ၎င်းက ပြောသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲတုန်းက မဲရုံစောင့် လုံခြုံရေးများမှာကျင့်ဝတ်နှင့် တာဝန်များ ကို မသိသောကြောင့် ပြဿနာများ၊ ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ယခုလာမည့် ရွေးကောက်ပွဲတွင် ပြဿ နာများ မဖြစ်ပွားရအောင် ရခိုင်ပြည်နယ်ရှိ ရဲများကို အကောင်းဆုံးဆောင်ရွက်ကြဖို့ ရဲမှူးကြီး ဦးနေမျိုး က မှာကြားထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly