လီဗာပူးလ်သို့ပြောင်းရန် ဘာစီလိုနာနှင့် ဘိုင်ယန်ကိုငြင်းပယ်ခဲ့ဟု ကီတာဆို

လီဗာပူးလ်သို့ပြောင်းရန် ဘာစီလိုနာနှင့် ဘိုင်ယန်ကိုငြင်းပယ်ခဲ့ဟု ကီတာဆို

 

ဇူလိုင် ၂၁၊ လီဗာပူးလ်။             ။ ကလော့ပ်၏ လီဗာပူးလ်အသင်းသို့ပြောင်းရွှေ့ရန်အတွက် လာလီဂါထိပ်သီ ဘာစီလိုနာနှင့် ဘွန်ဒက်စ်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်တို့၏ စိတ်ဝင်စားမှုကို   ငြင်းပယ်ခဲ့သည်ဟု ကီတာက ပြောသည်။

လီဗာပူးလ်အသင်းက ပေါင် ၄၈ သန်းဖြင့် ခေါ်ယူထားသည့် ဘွန်ဒက်စ်လီဂါကလပ် လိုက်ဇစ်ကွင်းလယ်လူ ကီတာသည် ပြီးခဲ့သည့်ရာသီကုန်တွင် အန်ဖီးလ်သို့ ရောက်လာခဲ့သူဖြစ်သည်။

အသက် ၂၃ နှစ်အရွယ် ဂီနီကြယ်ပွင့်နှင့်အတူ ကစားသမားသစ် ဖာဘင်ဟို၊ အသင်းခေါင်းဆောင် ဟန်ဒါဆင်တို့ကြောင့် လီဗာပူးလ်ကွင်းလယ်မှာ အားကောင်းသည့် အတွဲအဖက် ဖြစ်လာဖွယ်ရှိနေသည်။

ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့ကို ငြင်းပယ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ကီတာက “ဟုတ်ပါတယ်။ အဲဒီအသင်းတွေ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော် အဓိက ဆုံးဖြတ်ဖြစ်ခဲ့တာက နည်းပြကြောင့်ပါ။

ကျွန်တော်တို့ ကောင်းကောင်းဆွေးနွေးခဲ့ကြတယ်။ သူ ကျွန်တော့်ကို ပြောပြတဲ့ အစီအစဉ်တွေကို ကျွန်တော်ယုံကြည်တယ်။ အသင်းတိုးတက်နေတာကိုလည်း မြင်နိုင်ပြီး ဆာဒီယို မာနေးနဲ့လည်း စကားပြောဖြစ်တယ်။

ဆာဒီယိုနဲ့က ညီအစ်ကိုလိုပါပဲ။ ဆဲလ်ဘတ်မှာ ကိုးလလောက် အတူကစားဖူးပြီး တော်တော်ခင်ခဲ့ကြတာ။ လီဗာပူးလ်ရဲ့ တိုးတက်နေတဲ့အခြေအနေတွေကိုလည်း သူပဲ ပြောပြခဲ့တာ”ဟု ပြောသည်။

ကစားသမားသစ်များဖြစ်သည့် ဖာဘင်ဟိုနှင့် ကီတာတို့သည် ဇူလိုင် ၇ ရက်နေ့က ချက်စတာကို ၇-၀ ဂိုးဖြင့်နိုင်သည့် ရာသီကြို ခြေစမ်းပွဲတွင် လီဗာပူးလ်အတွက် ပွဲထွက်ခဲ့ကြသည်။

Ref; goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly