Ariana Grande နှင့် Pete Davidson တို့ မင်္ဂလာဆောင်မည့်နေ့ကို ပရိသတ်များရိပ်မိ

Ariana Grande နှင့် Pete Davidson တို့ မင်္ဂလာဆောင်မည့်နေ့ကို ပရိသတ်များရိပ်မိ

 

ဇူလိုင် ၂၁ ။            ။ Pop အဆိုတော် Ariana Grande ရဲ့ခြေချင်းဝတ်နားက တက်တူးနဲ့ Pete Davidson ရဲ့လက်မောင်းက တက်တူးနှစ်ခု ဆင်တူဖြစ်နေတာကို ပရိသတ်တွေ ရိပ်မိသွားကြပြီး နံပါတ် ၈၊၄၊၁၈ ဟာ Pete ရဲ့အဖေ နယူးယော့ခ်မှာ မီးသတ်သမားလုပ်ခဲ့တုန်းက အမှတ်စဉ်ဖြစ်ပါတယ်။

Pete ရဲ့ဆုံးသွားတဲ့ဖခင်ကို အမှတ်ရတဲ့အနေနဲ့ အဲဒီနေ့ (သြဂုတ်လ ၄ ရက်၊ ၂၀၁၈ ခုနှစ်) မှာ Pete နဲ့ Ariana တို့ မင်္ဂလာဆောင်မယ်လို့ ပရိတ်သတ်တွေ ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။

တက်တူးဆင်တူထိုးထားတဲ့အပြင် Peteရဲ့အဖေ ၁၅နှစ်ကြာဆွဲခဲ့တဲ့ FDNY ဆွဲသီးကိုလည်း Ariana ရဲ့လည်ပင်းမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။

သူမကကျွန်တော့်နှလုံးသားကိုပိုင်ဆိုင်တဲ့သူဖြစ်တဲ့အတွက် ကျွန်တော့်အတွက်တန်ဖိုးရှိလှတဲ့ ဒီဆွဲသီးလေးကိုပေးထားတာပါ။ ကျွန်တော့်အဖေလည်း အရမ်းပျော်မှာပါလို့ Pete က ပရိသတ်တွေကို ပြောခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly