တနင်္သာရီမြို့ ရေဘေးသင့်သူများအား ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့

တနင်္သာရီမြို့ ရေဘေးသင့်သူများအား ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့

မြိတ်၊ ဇူလိုင် ၂၁ ။            ။ တနင်္သာရီမြို့ရှိ ရေဘေးသင့် ပြည်သူများကို မြိတ်မြို့မှ အရေးပေါ် လူနာတင်ယာဉ် စုပေါင်း ကွန်ယက်မှ ဦးဆောင်၍ ဇူလိုင်လ ၂၀ ရက်နေ့က ကယ်ဆယ်ရေး ပစ္စည်းများကို သွားရောက် ထောက်ပံ့ ကူညီပေးတယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်တွင် ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်ပြီး မိုးဆက်မပြတ် ရွာသွန်း၍ မြစ်ရေများ မြင့်တက်နေပြီး၊ ဇူလိုင်လ ၂၀ ရက်နေ့ အထိ စိုးရိမ်ရေမှတ် ကျော်လွန်ကာ မြစ်ရေ ၂၆ ပေ အကျော်သို့ မြှင့်တက်ခဲ့ပါတယ်။

ထို့ကြောင့် လက်ရှိတွင် ရေဘေးသင့် ပြည်သူ ဦးရေ ၁၇၀၀ ကျော်၊ အိမ်ခြေ ၃၂၀၊ အိမ်ထောင်စု ၃၃၃ ရေဘေး သင့်ခဲ့ပြီး၊ ကယ်ဆယ်ရေ စခန်း ၁၁ ခုကို ဖွင့်လှစ် ပေးထားတယ်လို့ သိရပါတယ်။

တနင်္သာရီ မြို့ပေါ်ရှိ ရေးဘေးသင့် ပြည်သူများကို ကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းများကို အပြည့်အ၀ ပေးနိုင်ပြီး၊ ရေလမ်းဖြင့် သွားလာရာ ခက်ခဲသည့် ရွာအချို့မှာ ကူညီ ကယ်ဆယ်ရေး ပစ္စည်းများကို ထောက်ပံ့ပေးနိုင်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

ရေဘေးသင့် ပြည်သူများအတွက် မြိတ်မြို့ပေါ်မှ အရေးပေါ်လူနာတင်ယာဉ် စုပေါင်း ကွန်ယက်အဖွဲ့ ထောက်ပံ့ ပစ္စည်းများ ဖြစ်သည့် ရေသန့်၊ မားမားခေါက်ဆွဲ၊ အခြား စားသောက်ကုန်များကို သွားရောက် ကူညီပေးခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly