မြန်မာ့ရိုးရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေများကို ရှာဖွေဖော်ထုတ်ထိန်းသိမ်းသွားမည်

မြန်မာ့ရိုးရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေများကို ရှာဖွေဖော်ထုတ်ထိန်းသိမ်းသွားမည်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

 

မန္တလေး၊ ဇူလိုင် ၂၀ ။         ။ မြန်မာ့ရိုးရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေများကို ရှာဖွေဖော်ထုတ်ထိန်းသိမ်းသွားမည်ဖြစ်ပြီး အမှန်တကယ် အကောင်ထည်ပေါ်လာပါက တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘဏ္ဍာငွေ ထုတ်ပေးသွားမည်ဟု စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြတ်သူကပြောသည်။

"တကယ်အကောင်အထည်ဖော်လို့ ထိန်းသိမ်းရတော့မယ်ဆိုရင် ငွေကြေးလိုတယ်။ အဲဒီ ငွေကြေးကို သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့က ဘဏ္ဍာရေးထဲမှာ ထည့်ဆွဲရမှာ။ အခုတော့ ဘာမှလုပ်မထားဘူး။"ဟု ဦးမြတ်သူက မဇ္ဈိမကို ပြောသည်။

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေးဆွေးနွေးပွဲကို ဇူလိုင်လ ၂၀ ရက်၊မွန်းလွဲ ၁ နာရီ၊၃၀မိနစ်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရာတွင် မြန်မာ့ဆေးမီးတိုးများလည်း ထည့်သွင်းကောက်ယူ ထိန်းသိမ်းကြရန်လိုကြောင်းနှင့်ဝန်ကြီး ဦးမြတ်သူကဆိုသည်။

ပါးစပ်ရာဇဝင်နှင့် ဖော်ပြချက်များ၊ ဘာသာစကားများ၊ ဖျော်ဖြေမှုအနုပညာများ ၊ လူမှုရေးအစဉ်အလာ အလေ့အထများ၊ သဘာဝနှင့်စြင်္ကာဝဠာဆိုင်ရာ ဗဟုသုတနှင့်ရိုးရာအစဉ်အလာ အလေ့အထများ၊ ရိုးရာလက်မှုပညာရပ် အချို့ကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေး ဌာနခွဲမှ  ကောက်ယူပြီးဖြစ်သည်။

ထပ်မံဖြည့်စွက်ကောက်ယူမှုများကို သက်ဆိုင်ရာဘာရပ်ပညာရှင်များ၊တက္ကသိုလ်မှ ဆရာ၊ဆရာမများ၊ ဥပဒေပညာရှင်များက ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်ဟု သိရသည်။

အဆိုပါ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေးကော်မတီကို ဇူလိုင်က ၅ ရက်နေ့ကစတင်ဖွဲ့စည်း၍ မြန်မာ့ယဉ်ကျေးမှု ဒြပ်မဲ့အမွေများ ရှာဖွေထိန်းသိမ်းရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly