ရုရှနဲ့ ဆက်ဆံရေးကို စတေးပစ်နေတဲ့ သနားစဖွယ် အမေရိကန်အုပ်စုတွေကို မြင်တွေ့နေရကြောင်း ရုရှသမ္မတ ပူတင်ပြော

ရုရှနဲ့ ဆက်ဆံရေးကို စတေးပစ်နေတဲ့ သနားစဖွယ် အမေရိကန်အုပ်စုတွေကို မြင်တွေ့နေရကြောင်း ရုရှသမ္မတ ပူတင်ပြော

မော်စကို၊ ဇူလိုင် ၂၀ ။          ။ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အတိုက်အခံအုပ်စုတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒအတွက် ရုရှ-အမေရိကန် ဆက်ဆံရေးကို စတေးပစ်နေတဲ့ သနားစဖွယ်၊ တန်ဖိုးမဲ့တဲ့ သူတွေဖြစ်တယ်ဆိုပြီး ရုရှသမ္မတ ဗလာဒီမာပူတင်က ဇူလိုင် ၁၉ ရက်မှာ ထိုးနှက်ပြောဆိုလိုက်ပါတယ်။

ဖင်လန်နိုင်ငံမှာ ဒေါ်နယ်ထရမ့်နဲ့ ထိပ်သီးအစည်းအဝေး ကျင်းပပြီးနောက် မော်စကိုက ရုရှသံတမန်တွေကို ပြောကြားတဲ့ မိန့်ခွန်းမှာ ပူတင်က ထိုသို့ ပြောကြားခဲ့တာပါ။

ဟယ်ဆင်ကီမြို့တော်မှာ ပြုလုပ်ခဲ့တဲ့ အဲဒီ ထိပ်သီးအစည်းအဝေးကြောင့် ဒေါ်နယ်ထရမ့်ဟာ ပြည်တွင်းမှာ ပြင်းထန်တဲ့ နိုင်ငံရေး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အနည်းငယ် မာကျောကြမ်းတမ်းတဲ့ စကားလုံးတွေ သုံးပြီး ပြောကြားခဲ့တဲ့ ဒီမိန့်ခွန်းမှာ ပူတင်ဟာ အမေရိကန်-ရုရှ ဆက်ဆံရေးက တစ်ချို့အပိုင်းတွေမျာ စစ်အေးကာလကထက် ပိုဆိုးဝါးနေတယ်လို့လည်း ဆိုပါတယ်။

“ကျွန်တော်တို့ တွေ့နေမြင်နေရတယ်။ ရုရှ-အမေရိကန် ဆက်ဆံရေးကို သူ့တို့ စိတ်ဆန္ဒကြောင့် အလွယ်လေး စတေးပစ်ဖို့ အသင့်ရှိနေတဲ့ အမေရိကန် အုပ်စုတွေကို ကျွန်တော်တို့ မြင်တွေ့နေရတယ်။”ဆိုပြီး ပူတင်က ပြောပါတယ်။

“နိုင်ငံအကျိုးစီးပွားထက် ကျဉ်းမြောင်းတဲ့ ပါတီအကျိုးစီးပွားကို ရှေ့တန်းတင်နေတဲ့ အုပ်စုတွေကို အမေရိကန်မှာ ကျွန်တော်တို့ မြင်တွေ့နေရတယ်။”လို့လည်း ပြောဆိုပြီး ဒီအုပ်စုတွေကို သနားစဖွယ်၊ တန်ဖိုးမဲ့တဲ့ သူတွေလို့ ပူတင်က ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly