ကမ္ဘာ့အလှဆုံးသော Airbus ဝေလငါးကုန်တင်လေယာဉ် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်း

ကမ္ဘာ့အလှဆုံးသော Airbus ဝေလငါးကုန်တင်လေယာဉ် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်း

ဇူလိုင် ၂၀ ။          ။ ဝေလငါး ပုံစံ ဖန်တီးတည်ဆောက်ထားပြီး ကမ္ဘာ့အလှပဆုံးသော လေယာဉ်တွေထဲမှာ တစ်စီးအပါအဝင် ဖြစ်တဲ့ Airbus Beluga XL ကုန်တင်လေယာဉ်ကတော့ ယမန်နေ့ ဇူလိုင် ၁၉ ရက်က ပွဲဦးထွက် စမ်းသပ်ပျံသန်းခဲ့ကြောင်း သိရပါတယ်။

ဝေလငါးတစ်ကောင် ကောင်းကင်ယံထက်မှာ ပျံဝဲနေသလိုဖြစ်အောင် ဖန်တီးထားတဲ့ အဆိုပါ လေယာဉ်ကတော့ ယင်းနေ့ နံနက် ၁၀ နာရီ ခွဲလောက်မှာ ပြင်သစ်တောင်ပိုင်း Toulouse မြို့က Airbus ရဲ့ အဆောက်အအုံမှာ စောင့်ကြည့်အားပေးနေကြတဲ့ ပရိသတ် ၁၀,၀၀၀ ရဲ့ရှေ့မှောက်မှာ ပျံသန်းပြခဲ့တာဖြစ်ပါတယ်။

စမ်းသပ်ပျံသန်းမှုကတော့ ကြာချိန် ၄ နာရီနဲ့ ၁၂ မိနစ်ခန့် ကြာမြင့်ခဲ့ပါတယ်။

အဆိုပါ A330-743L Beluga Xl ကတော့ ကုန်စည် တန်ချိန်ပေါင်း ၅၁ တန်ထိ တင်ဆောင်နိုင်မယ်လို့ Airbus ကုမ္ပဏီက ပြောပါတယ်။

အဆိုပါ လေယာဉ်အမျိုးအစား ငါးစီးကို ထုတ်လုပ်နေပြီး ယင်းတို့ကိုတော့ Airbus ရဲ့ အခြားသော လေယာဉ်တွေ တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အစိတ်အပိုင်းပစ္စည်းတွေကို ဥရောပဒေသတခွင်က ထုတ်လုပ်ရေးဆိုဒ်တွေဆီ သယ်ပို့ပေးဖို့ နေရာမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly