သေဆုံးသွားတဲ့ ရေငုပ်သမားအတွက် ရည်စူးပြီး ဗုဒ္ဓဘုရားကျောင်းမှာ သွားရောက်ဆုတောင်းပေးခဲ့ကြတဲ့ ထိုင်းတောဝက်ဘောလုံးအသင်းသားများ

သေဆုံးသွားတဲ့ ရေငုပ်သမားအတွက် ရည်စူးပြီး ဗုဒ္ဓဘုရားကျောင်းမှာ သွားရောက်ဆုတောင်းပေးခဲ့ကြတဲ့ ထိုင်းတောဝက်ဘောလုံးအသင်းသားများ

ဇူလိုင် ၁၉ ။           ။ ထိုင်းနိုင်ငံမှာ သီတင်းနှစ်ပတ်ကျော်ကြာ ရေလျှံတဲ့ လိုဏ်ဂူထဲ ပိတ်မိနေခဲ့ရာမှ ကယ်ထုတ်ခဲ့ရတဲ့ တောဝက်ဘောလုံးအသင်းက ကလေးငယ်တွေနဲ့ နည်းပြဖြစ်သူတို့ဟာ ဇူလိုင် ၁၈ ရက်မှာ ဆေးရုံက ဆင်းလာပြီး နောက်တစ်နေ့မှာပဲ ဗုဒ္ဓဘုရားကျောင်းတစ်ခုကို သွားရောက်ပြီး ဆုတောင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

၎င်းတို့တွေရဲ့ မိသားစုတွေနဲ့ အတူတကွ ပထမဆုံးသော ညတစ်ညကို ပြန်လည် ဖြတ်သန်း ကုန်ဆုံးခဲ့ကြပြီးနောက် အဆိုပါ ထိုင်းကလေးငယ်တွေဟာ ဇူလိုင် ၁၉ ရက် မနက်ပိုင်းမှာ ဗုဒ္ဓဘုရားကျောင်းတစ်ခုမှာ ၎င်းတို့ ကံကောင်းမှုတွေ ရရှိနိုင်ဖို့အတွက် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာ နယ်စပ်အနီး မယ်ဆိုင်က Wat Pha That Doi Wao ဘုရားကျောင်းမှာ အဆိုပါ ဆုတောင်းပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အဆိုပါ တောဝက် ဘောလုံးအသင်းသားတွေဟာ ၎င်းတို့ ဂူထဲမှာ ရှိနေခဲ့စဉ်တုန်းက ကယ်ဆယ်ရေးလုပ်ငန်းတွေ ပါဝင်လုပ်ဆောင်ရင်း အောက်ဆီဂျင်ပြတ် သေဆုံးသွားတဲ့ ထိုင်း ရေတပ်သားဟောင်းတစ်ဦးအတွက်လည်း ရည်စူးပြီး ဆုတောင်းပေးခဲ့ကြသေးတယ်လို့လည်း သိရပါတယ်။

အဆိုပါ ထိုင်းကလေး ၁၂ ဦးနဲ့ နည်းပြတို့အားလုံးကို ဇူလိုင် ၁၀ ရက်နေ့မှ ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံတင်ထား ပြုစုကုသပေးနေခဲ့ရာကနေ ဇူလိုင် ၁၈ ရက် ဒီနေ့မှာ ဆေးရုံက ဆင်းလာခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly