ဆာရီရဲ့ လက်ထောက်မန်နေဂျာအဖြစ် စတန်းဖို့ဒ်ဘရစ်ဆီ ပြန်ရောက်လာတဲ့ ဇိုလာ

ဆာရီရဲ့ လက်ထောက်မန်နေဂျာအဖြစ် စတန်းဖို့ဒ်ဘရစ်ဆီ ပြန်ရောက်လာတဲ့ ဇိုလာ
(ဓာတ်ပုံ - အီးပီအေ)

ချယ်လ်ဆီးနဲ့ အီတလီကစားသမားဟောင်း ဇိုလာဟာ အသစ်ရောက်ရှိလာတဲ့ မန်နေဂျာ ဆာရီရဲ့ လက်ထောက်မန်နေဂျာအဖြစ် စတန်းဖို့ဒ်ဘရစ်ဆီ ပြန်လည် ရောက်ရှိလာပါတယ်။

ဇိုလာဟာ ကစာသမားတစ်ယာက်အနေနဲ့ ၁၉၉၆ နဲ့ ၂၀၀၃ ခုနှစ်ကာလအတွင်း အသင်းနဲ့ အက်ဖ်အေဖလား ၂ ကြိမ်၊ Uefa Cup Winners' Cup ၁ ကြိမ်၊ ယူအီးအက်ဖ်အေစူပါဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၁ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။

“ကျနော့်အတွက် အံ့အားသင့်ဖွယ် ဖြစ်ရပ်တစ်ခုပါ။ ဒီကို ပြန်လည်ရောက်ရှိလာလို့ ကျေနပ်အားရမိပါတယ်။”လို့ ဇိုလာက ပြောပါတယ်။

၂၀၁၇ ခုနှစ်၊ ဧပြီလအတွင်းက ဘာမင်ဂမ်စီးတီးအသင်း မန်နေဂျာရာထူးမှ ထုတ်ပယ်ခံခဲ့ရသူ ဇိုလာဟာ ချယ်လ်ဆီးအသင်းရဲ့ သြစတြေးလျ ရာသီကြိုခရီးစဉ်မှာ ပူးပေါင်းခဲ့ပါတယ်။

မန်နေဂျာ ကွန်တီဟာ ၂၀၁၆-၁၇ ပရီးမီးယားလိဂ်အမှတ်ပေးဖလားနဲ့ ၂၀၁၇-၁၈ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းမှ ထုတ်ပယ်ခံခဲ့ရပြီး အသက် ၅၉ နှစ်ရှိ အီတလီလူမျိုး ဆာရီကို အစားထိုးခံအပ်ခံရပါတယ်။

“ကျနော်က ဆာရီနဲ့ တွဲပြီး အသင်းအတွက် အောင်မြင်မှုတွေ ရယူရမှာမို့ ဝမ်းသာမိပါတယ်။ ကျနော့်ကစားသမားတစ်ယောက်အနေနဲ့ အတိတ်က အောင်မြင်မှုတွေ ရခဲ့သလို အခုချိန်မှာလည်း အကောင်းဆုံး ပေးဆပ်သွားမှာပါ။”လို့ အသက် ၅၂ ရှိ ဇိုလာက ဆိုပါတယ်။

“ရှေ့ဆက်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကျနော် အဆင်သင့်ပါ။ ကျနော်တို့အားလုံးက ဒီစွန့်စားမှုသစ်တွေကို စတင်ဖို့ အလွန်စိတ်လှုပ်ရှားနေပါတယ်။”လို့ သူက ပြောပါတယ်။

ဇိုလာဟာ ချယ်လ်ဆီးကစားသမားဘဝမှာ လိဂ်နဲ့ဖလားပွဲပေါင်း ၃၁၂ ပွဲကစားခဲ့ပြီး ဂိုး ၈၀ သွင်းယူခဲ့ပါတယ်။

သူဟာ ဝက်စ်ဟမ်း၊ ဝက်ဖို့ဒ်နဲ့ အီတလီကလပ် ကာဂါလာရီအသင်းတွေကို ကိုင်တွယ်ခဲ့ပါတယ်။

ဇိုလာဟာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလက ဘာမင်ဂမ်အသင်းနဲ့ ၂ နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် အသင်းရဲ့ ဆိုးရွားတဲ့ ပုံစံနဲ့ ဖြတ်သန်းခဲ့ပြီးနောက် ၄ လအကြာမှာ နုတ်ထွက်ခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly