စံချိန်တင် ဒဏ်ရိုက်ခံခဲ့ရတဲ့ Google

စံချိန်တင် ဒဏ်ရိုက်ခံခဲ့ရတဲ့ Google

 ဇူလိုင် ၁၉ ။            ။ Android operating system နဲ့ ပတ်သက်လို့ အမေရိကန်နည်းပညာကုမ္ပဏီကြီး Google အပေါ် ဥရောပသမဂ္ဂ (အီးယူ) ဘက်ကနေ စံချိန်တင်ဒဏ်ကြေး ယူရို ၄ ဒသမ ၃၄ ဘီလီယံ (ကန်ဒေါ်လာ ၅ ဘီလီယံ) ချမှတ်လိုက်ကြောင်း သိရပါတယ်။

ယင်းအမေရိကန်ကုမ္ပဏီအနေနဲ့ search မှာ လွှမ်းမိုးချုပ်ကိုင်ထားနိုင်မှုကို စည်းမဲ့ကမ်းမဲ့ ခိုင်မာအားကောင်းစေဖို့ အတွက် ယင်းရဲ့mobile operating system ကို အသုံးချထားခဲ့တယ်ဆိုပြီး ဥရောပကော်မရှင်က ထုတ်ဖော်ပြောကြားသွားပါတယ်။

အမေရိကန်ကုမ္ပဏီရဲ့ mobile device မဟာဗျူဟာဟာ ယင်းရဲ့ search လွှမ်းမိုးချုပ်ကိုင်မှုကို မမျှတစွာနဲ့ အားကောင်းစေတယ်လို့ ဆိုပါတယ်။

ယခုကိစ္စမှာ Google ရဲ့ မိခင်ကုမ္ပဏီ Alphabet အနေနဲ့ ယင်းရဲ့ စီးပွားရေးလုပ်ကိုင်မှု နည်းလမ်းတွေကို ပြန်လည်ပြင်ဆင်ဖို့ ရက်ပေါင်း ၉၀ အချိန်ရမှာဖြစ်ပြီး ယင်းကာလအတွင်း ပြင်ဆင်နိုင်ခြင်းမရှိဘူးဆိုရင်တော့ ထပ်မံဒဏ်တပ်ခံရဖို့ ရှိနေကြောင်းလည်း သိရပါတယ်။

ယခုလို ဒဏ်ရိုက်မှုကိစ္စမှာတော့ Google ဘက်က အယူခံဝင်သွားဖို့ စီစဉ်နေလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly