California ပြည်နယ်၊ Yosemite ဥယျာဉ်၌ တောမီးလောင်မှုဖြစ်ပွား

California ပြည်နယ်၊ Yosemite ဥယျာဉ်၌ တောမီးလောင်မှုဖြစ်ပွား

ဇူလိုင် ၁၈ ။           ။ California ပြည်နယ်မြောက်ဘက်ခြမ်းမှာ တည်ရှိတဲ့ Yosemite အမျိုးသားဥယျာဉ်မှာ တောမီးလောင်မှုဖြစ်ပွားခဲ့ပြီး မြေဧကပေါင်း ၁၂၀၀၀ ဝန်းကျင်ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြီးခဲ့တဲ့ အဂါၤနေ့မှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ် သောကြာနေ့ကတည်းက Sierra Nevada တောအုပ်မှာ Ferguson တောမီးလောင်ကျွမ်းခဲ့ပြီး အခုလို ဆက်လက်လောင်ကျွမ်းတာဖြစ်ပါတယ်လို့ Calfire (California မီးသတ်အေဂျင်စီ) ကပြောပါတယ်။

မီးငြိမ်းသတ်စဉ်မှာ မီးသတ်သမားတစ်ဦးသေဆုံးသွားတဲ့အကြောင်းကို Calfire မီးသတ်အေဂျင်စီ ကထုတ်ပြန်ခဲ့ပါတယ်။ မီးလောင်တဲ့ဧရိယာကို မီးသတ်သမားအယောက် ၁၅၀၀ ကဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြတာဖြစ်ပါတယ်။

ဒေသခံတွေကိုလည်း ဘေးကင်းရာပြောင်းရွှေ့ပေးထားသလို Yosemite ဥယျာဉ်ကို ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်ခြင်းမရှိအောင် အသိပေးတားမြစ်ထားတယ်လို့ သိရပါတယ်။

California အပြင် Alaska၊ Colorado နဲ့ Idaho ပြည်နယ်တွေမှာလည်း တောမီးလောင်နေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly