ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းဆုကို ၁၀ နှစ်ဆက်တိုက် AirAsia ရရှိ

ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းဆုကို ၁၀ နှစ်ဆက်တိုက် AirAsia ရရှိ

လန်ဒန်မြို့ရှိThe Langham, London ဟိုတယ်တွင် ၂၀၁၈ ဇွန်လိုင်လ၁၇ရက်နေ့တွင် ကျင်းပသောSkytraxကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းဆုချီးမြှင့်ပွဲတွင် AirAsia သည် ၁၀ နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံးစရိတ်သက်သာလေကြောင်းလိုင်းဆုကိုရရှိခဲ့ပါတယ်။

“Oscars of the Aviation Industry” လို့ တင်စားရလောက်တဲ့ Skytraxသည် ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းများအတွက် အပြည်ပြည်ဆိုင်ရာ အမှတ်အသားဖြစ်ပြီး နိုင်ငံပေါင်း ၁၀၅ ကျော်ရှိခရီးသည် ၂၀.၃၆သန်းကျော်အတွက် အကောင်းဆုံးသော လေကြောင်းလိုင်းများကို အပြည့်အ၀ ထောက်ခံပြီး ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်ပေးနေပါတယ်။ လေကြောင်းလိုင်းတစ်ခု၏ စွမ်းဆောင်မှု၊ ဝန်ဆောင်မှုတို့ကို စံသတ်မှတ်ချက် ၄၉ ချက်ဖြင့်ဝေဖန်တိုင်းတာလျှက်ရှိပါတယ်။

အဲအေးရှား၏ တွဲဖက်တည်ထောင်သူ၊ AirAsia Group Berhadရဲ့ Executive Chairman, AirAsia X ရဲ့ အမှုဆောင်အရာရှိချုပ် Datuk KamarudinMeranun က အဲအေးရှားရဲ့ နိုင်ငံတကာက သက်တမ်းအကြာဆုံး ဝန်ထမ်းများနှင့် အတူတကွ ဆုကိုလန်ဒန်မြို့တွင် လက်ခံရရှိခဲ့ပါတယ်။

ဆုကိုအတူတကွ တက်ရောက်ယူဖို့ ရွေးချယ်ထားတဲ့သူတွေကတော့ မလေးရှားနိုင်ငံမှ Acting Head of Ground Operation, Ahmad Bin Ismail (ဝန်ဆောင်မှုပေးခဲ့သောသက်တမ်း ၁၇ နှစ်)၊ဖီလစ်ပိုင်နိုင်ငံမှ Assistant Cabin Crew Manager, Robert Anthony Gutierrez (ဝန်ဆောင်မှုပေးခဲ့သောသက်တမ်း ၇ နှစ်)၊ ထိုင်းနိုင်ငံမှ ပထမဦးဆုံးအဲအေးရှားဝန်ထမ်းဖြစ်လာသူ Head of ICT, PipatKhunprakan (ဝန်ဆောင်မှုပေးခဲ့သောသက်တမ်း ၁၅ နှစ်) နှင့် ဂျပန်နိုင်ငံမှ အေးအဲရှားရဲ့ပထမဦးဆုံး Flight Dispatch အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ၊ ယခု Assistant Flight Dispatch Manager, Koji Kaneko (ဝန်ဆောင်မှုပေးခဲ့သောသက်တမ်း ၄ နှစ်) တို့ပဲဖြစ်ပါတယ်။

Datuk KamarudinMeranun က “ကျွန်တော်တို့ အဲအေးရှားက ၁၀ နှစ်ဆက်တိုက် ကမ္ဘာ့ စရိတ်အသက်သာဆုံး လေကြောင်းလိုင်းဆုကို ရရှိပြီး စံချိန်ချိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ အထူးသဖြင့် ခရီးအစကနေ အခုအချိန်ထိ ကျွန်တော်တို့ အဲအေးရှားနှင့် လက်တွဲပြီး တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများအားလုံးနှင့်အတူ ယနေ့ပွဲကို ပါဝင်ဆင်နွဲခွင့်ရတာကိုလည်း ဂုဏ်ယူလို့မဆုံးပါဘူး။ အိမ်မက်မက်နေသလိုပါပဲ။ လွန်ခဲ့သော ၁၀ နှစ်တာကာလကပထမဦးဆုံးကမ္ဘာ့ စရိတ်အသက်သာဆုံး လေကြောင်းလိုင်းဆုရရှိခဲ့တဲ့ အချိန်လေးကိုလည်း သတိရနေပါသေးတယ်။ ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းဆုကို ဆယ်စုနှစ်တစ်စုတိုင်တိုင် ရရှိခဲ့မယ်လို့ မတွေးခဲ့မိပါဘူး။ လူကြီးမင်းတို့ရဲ့ အားပေးပံ့ပိုးမှုများအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်တို့ အဲအေးရှားဟာ ကမ္ဘာ့စရိတ်အသက်သာဆုံး လေကြောင်းလိုင်းအဖြစ် ဆက်လက်ရပ်တည်နေမှာဖြစ်ပြီး လူတော်တော်များများရဲ့ ဘဝတွေကိုလည်း ပြောင်းလဲပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။” ဆိုပြီး ပြောကြားသွားပါတယ်။

AirAsia X လေကြောင်းလိုင်းကလည်း ကမ္ဘာ့စရိတ်အသက်သာဆုံးအဆင့်အတန်းမြင့် လေကြောင်းလိုင်းအဖြစ် ၆ နှစ်တိုင်တိုင် ရပ်တည်နိုင်ခဲ့ပါတယ်။ AirAsia X လေကြောင်းလိုင်းရဲ့ အမျိုးသမီးဒုက္ကဌ Tan Sri Rafidah Aziz မှ AirAsia X အတွက် ဆုကိုလက်ခံရရှိခဲ့ပါတယ်။

Tan Sri Rafidah Aziz က“ AirAsia Group နှင့် AirAsia X Group မှ ရရှိသမျှ အောင်မြင်မှုများဟာ အဲအေးရှားဝန်ထမ်းများရဲ့ ကြိုးစားအားထုတ်မှုနှင့် စွမ်းဆောင်ရည်များကြောင့်ပဲဖြစ်ပါတယ်။ ပြီးတော့ ဝန်ထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည်၊ ကျွမ်းကျင်မှု နှင့် စွမ်းဆောင်မှုတို့ အစဉ်မပြတ် တိုးတက်နေဖို့ အရေးကြီးပါတယ်။ ဒါမှ ကုမ္ပဏီကလည်း ပြိုင်ဆိုင်မှုအလွန်မှ များပြားလှတဲ့လေကြောင်းလောကရဲ့   ပြည်တွင်းရော ပြည်ပမှာပါ ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းတစ်ခုအဖြစ် ရပ်တည်နေနိုင်မှာပဲ ဖြစ်ပါတယ်။ ကျွန်မတို့ အားလုံး AirAsia Group နှင့် AirAsia X Group ရဲ့ ဂုဏ်ကိုဆောင်နိုင်ဖို့ ကြိုးစားရပါမယ်။ အားလုံးကိုဂုဏ်ပြုပါတယ်။

အဲအေးရှားမှ အာဆီယံနိုင်ငံရဲ့ စရိတ်အသက်သာဆုံး လေကြောင်းလိုင်းဆုကိုလည်း အဲအေးရှားကို၂၀၀၁ ခုနှစ်က Ground Operation Manager အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့တဲ့ လက်ထောက်အမှုဆောင်အဖွဲ့ချုပ် Bo Lingam မှ လက်ခံရရှိခဲ့ပါတယ်။

Bo Lingam က “ အဲအေးရှားမှာ ကျွန်တော်အလုပ်လုပ်ခဲ့တဲ့ ၁၇ နှစ်တာကာလအတွင်း လူပေါင်းသန်းတစ်ဝက်လောက်ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ပေးခဲ့တာကို မျက်ဝါးထင်ထင်တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် အာဆီယံနိုင်ငံသားတွေရဲ့ အိမ်မက်တွေကိုပေါ့။

ကျွန်တော်တို့က လူတွေကို သူတို့သွားချင်တဲ့နေရာတွေကို ပို့ဆောင်ပေးရုံသာမက ဒေသအသီးသီးမှာ လူတော်တော်များများအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်းဖန်တီးပေးခဲ့ပါတယ်။ အသေးစား စီးပွားရေးလုပ်ငန်းတွေကို စတင်နိုင်ခဲ့တယ်။ အာဆီယံတစ်ခွင်မှာသာမက ဥရောပနိုင်ငံများအထိပါ ခရီးသွားလုပ်ငန်းကို တိုးတက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အခက်အခဲအားလုံးကိုကျော်လွှားနိုင်ခဲ့လို့ ထိုက်တန်တဲ့ အောင်မြင်မှုတွေကိုလည်း ရရှိခဲ့တာပါ။” ဆိုပြီးပြောကြားသွားတာပါ။

ကမ္ဘာ့ စရိတ်အသက်သာဆုံး လေကြောင်းလိုင်းဆုကို ရရှိခဲ့တဲ့အတွက် အဲအေးရှားရဲ့ ကောင်းမွန်တဲ့ ဓလေ့တစ်ခုအနေဖြင့် နေရာအသီးသီးဖြစ်ကြတဲ့ ကွာလာလမ်ပူမြို့၊ ဘန်ကောက်မြို့၊ ဂျာကာတာမြို့၊ ဘန်ဂလောမြို့၊ နာဂိုးယမြို့ရှိအဲအေးရှားရုံးမှ အဖွဲ့သားများအားလုံးနှင့်အတ ူfacebook page မှတဆင့် live လွှင့်ကာ အောင်ပွဲခံကျင်းပခဲ့ပါတယ်။

ထို့ပြင် လေယာဉ်ရုံးချုပ်တွေဖြစ်တဲ့ KL International Airport 2 (KLIA2), ဂျာကာတာမြို့ရှိ Soekarno-Hatta International Airport နှင့် ဘန်ကောက်မြို့ရှိ Don Mueang International Airport တို့တွင်လည်းဇွန်လိုင်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ လေယာဉ်ပေါ်တက်ခါနီး ဝင်ပေါက်တွင် photobooths ထားရှိပြီး လူကြီးမင်းတို့က မိမိတို့သွားလိုသော ခရီးစဉ်များအတွက် အခမဲ့လေယာဉ်များ ကိုပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးများကိုရရှိမည်ဖြစ်ပါတယ်။

ဆုရအထိမ်းအမှတ်ပွဲကျင်းပတဲ့ အနေနဲ့ အဲအေးရှားမှ ဇွန်လိုင်လ ၂၃ ရက်နေ့မှ ၂၉ ရက်အတွင်း www.airasia.com နှင့် AirAsia mobile App များတွင် အထူးလျော့ဈေးနှုန်းများဖြင့် လေယာဉ်လက်မှတ်များကို ရောင်းချသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ #WeAreAllChampions social media contest တွင် ပါဝင်ယှဉ်ပြိုင်ခြင်းအားဖြင့် တစ်နှစ်တာလုံး* လေယာဉ်လက်မှတ် အခမဲ့ရရှိနိုင်မည့်အခွင့်အရေးကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက Instagram (Instagram.com/airasia) နှင့် Facebook page ( facebook.com/AirAsia) တို့တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။

*စည်းမျဉ်း၊ စည်းကမ်းချက်များပါရှိပါသည်။ အဲအေးရှားအကြောင်းတစေ့တစောင်း
အဲအေးရှားသည် ခရီးသည်များအတွက် အကောင်းဆုံးဝန်ဆောင်မှုနှင့် ကမ္ဘာတဝန်းရှိ မြို့ပေါင်း ၁၃၀ ကျော်သို့ ပြေးဆွဲနေသောအာရှ ၏ အကြီးဆုံး တန်ဖိုးနည်းလေကြောင်းလိုင်းလည်းဖြစ်သည်။

အဲအေးရှားသည် ၂၀၀၁ ခုနှစ်တွင် စတင်ပြေးဆွဲခဲ့ချိန်မှစ၍ ခရီးသည်ပေါင်းသန်း ၅၀၀ ကျော်ကိုသယ်ဆောင် ပျံသန်းပေးခဲ့ပြီးလေယာဉ် ၂ စီးမှစတင်ခဲ့ပြီး ယခုလေယာဉ်စီးရေပေါင်း ၂၀၀ ကျော်ရှိလာသည်အထိ ဖွံ့ဖြိုးကြီးထွားလာခဲ့ပြီဖြစ်သည်။

အဲအေးရှားသည် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများတွင် အခြေစိုက်လျက်ရှိပြီး ဆက်လက် ၍ အာရှတခွင် ၊ သြစတြေးလျ ၊ နယူးဇီလန် နှင့် အရှေ့အလယ်ပိုင်းဒေသများသို့ ကွန်ယက်ဖြန့်ကျက်လျက် ရှိသော အာဆီယံ လေကြောင်းလိုင်းတစ်လိုင်း အနေဖြင့် လွန်စွာဂုဏ်ယူမိပါသည်။

အဲအေးရှားသည် နှစ်စဉ်ကျင်းပမြဲဖြစ်သော Skytrax World Airline Awards တွင်လည်းကမ္ဘာ့ အကောင်းဆုံး တန်ဖိုးနည်း လေကြာင်းလိုင်းဆုကို ၂၀၀၉ မှ ၂၀၁၈ခုနှစ်အထိ ၁၀ ကြိမ်ဆက်တိုက် ရရှိခဲ့သည်။

အဲအေးရှားသည် ၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့ရှေ့ဆောင် တန်ဖိုးနည်းလေကြောင်းလိုင်းအနေဖြင့်လည်း World's Leading Low-Cost Airline ဆုကို၅ ကြိမ်မြောက်ရရှိခဲ့ပြီးတခြားသော full-service လေကြောင်းလိုင်းများကို ကျော်ဖြတ် ၍ ကမ္ဘာ့ရှေ့ဆောင် လေယာဉ်ဝန်ဆောင်မှုအကောင်းဆုံးဆု (World's Leading Inflight Service) ကိုရရှိခဲ့သော ပထမဆုံး တန်ဖိုးနည်း လေကြောင်းလိုင်း တစ်ခုလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags