ဖိလစ်ပိုင်၌ ရေကြီးမှုများဖြစ်ပွား

ဖိလစ်ပိုင်၌ ရေကြီးမှုများဖြစ်ပွား

ဇူလိုင် ၁၈ ။          ။ Manila မြို့တောင်ပိုင်း Las Pinas မြို့မှာ ရေကြီးမှုများဖြစ်ပွားခဲ့ပြီး လျှပ်စစ်မီး၊ ဖုန်းလိုင်းများပါပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ဒေသခံပြည်သူတွေကို ဘေးကင်းရာပြောင်းရွှေ့ပေးခဲ့ပြီး ရေကျတော့မှ အိမ်ပြန်နိုင်မှာဖြစ်ပါတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Manila မြို့အရှေ့မြောက်ပိုင်းမှာ တည်ရှိတဲ့ Quezon မြို့က ဒေသခံအယောက် ၈၃၀ ကိုလည်း Barangay Bagong Silangan စင်တာမှာပြောင်းရွှေ့ပေးထားပြီး လိုလေသေးမရှိအောင် စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

မြစ်ချောင်းရေလျှံမှုကြောင့် အဂါၤနေ့ညနေပိုင်းမှာ ပြည်သူတွေစတင်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အင်္ဂါနေ့မှာ ဖိလစ်ပိုင်ရဲ့မြောက်ဘက်ခြမ်းကို မုန်တိုင်းဟင်နရီ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ပျက်ပြယ်သွားပေမယ့် ဖိလစ်ပိုင်မှာ မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်ပါတယ်။

မိုးဆက်လက်ရွာသွန်းနေတဲ့အတွက် Manila မြို့အနီးတစ်ဝိုက်၊ Luzon မြောက်ဘက်ခြမ်းဒေသတွေမှာ ရေကြီးမှု၊ မြေပြိုမှုများဖြစ်ပွားနိုင်ကြောင်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly