ချီလီကျွန်းတွင် လာရောက်ကမ်းတင်ခဲ့သည့် ဝေလငါးကြီးကို ပင်လယ်ထဲ ပြန်လည် ပို့ဆောင်

ချီလီကျွန်းတွင် လာရောက်ကမ်းတင်ခဲ့သည့် ဝေလငါးကြီးကို ပင်လယ်ထဲ ပြန်လည် ပို့ဆောင်

ဇူလိုင် ၁၈ ။           ။ ချီလီနိုင်ငံ တောင်ပိုင်း Chiloe ကျွန်းမှာ အလွန်ကြီးမားတဲ့ ဝေလငါးကြီးတစ်ကောင် လာရောက်ကမ်းတင်နေခဲ့ရာမှာတော့ ယင်းကို ပင်လယ်ထဲ အောင်မြင်စွာ ပြန်လွှတ်ကယ်တင်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

ချီလီ အမျိုးသား ငါးလုပ်ငန်း ဌာနနဲ့ ချီလီ ရေတပ်တို့က တာဝန်ရှိသူတွေဟာ အဆိုပါ ဝေလငါးကြီးကို တွေ့ရှိပြီး ပင်လယ်ထဲ အောင်မြင်စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ယင်း ကယ်ဆယ်ရေးလုပ်ငန်းကို ဇူလိုင် ၁၇ ရက် နေ့လည်ခင်းက စတင်ခဲ့ပြီး ဝေလငါးကြီးကို ရေဓာတ်ဖြည့်ပေးခြင်းနဲ့အတူ  လိုအပ်တဲ့ အကူအညီပစ္စည်းတွေသုံးပြီး ယင်းငါးကြီးကို အောင်မြင်စွာနဲ့ ပင်လယ်ထဲ ပြန်ပို့ပေးနိုင်ခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဝေလငါးကြီး ပင်လယ်ထဲ ပြန်ရောက်ဖို့အတွက် လမ်းကြောင်းဖော်ထားခဲ့ရပြီး အလေးချိန် ၂ တန် ခန့်ရှိ ယင်းဝေလငါးကြီးကိုတော့ ဒီရေတက်ချိန်မှာ ပင်လယ်ထဲ ပြန်ရောက်သွားစေခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly