တရုတ်ပြည်၌ စားစရာများ လိုက်လံပို့ဆောင်ပေးနေသည့် စက်ရုပ်

တရုတ်ပြည်၌ စားစရာများ လိုက်လံပို့ဆောင်ပေးနေသည့် စက်ရုပ်

ဇူလိုင် ၁၈ ။            ။ ဆိုင်တွေကနေ အအေး၊ သစ်သီး၊ စားစရာမျိုးစုံမှာယူလိုက်တာနဲ့ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမယ့် စက်ရုပ်ကို Zhen Robotics ကုမ္ပဏီက တီထွင်ဖန်တီးလိုက်ပြီဖြစ်ပါတယ်။

“အခုလောလောဆယ် တရုတ်ပြည်မှာ တစ်ရက်ကို ပါဆယ်အထုပ် သန်း၁၀၀နီးပါး ပို့ဆောင်နေပါပြီ။ နောက်ဆိုရင်တော့ တစ်ဘီလီယံလောက် ပို့ရမှာဖြစ်ပါတယ်” လို့ Zhen Robotics အမှုဆောင်အရာရှိချုပ် Liu Zhiyong ကပြောပါတယ်။

သုံးဆယ်ကီလိုဂရမ် (၆၅ ပေါင်) အလေးချိန်ရှိတဲ့ စက်ရုပ်မှာ  ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး ဘီး ၆ ဘီးပါဝင်တဲ့အတွက် တစ်နာရီ ၁၂ ကီလိုမီတာနှုန်း သွားလာနိုင်တယ်လို့ သိရပါတယ်။

စက်ရုပ်ရဲ့ရွေ့လျားမှုကို GPS နည်းစနစ်နဲ့ ထိန်းချုပ်ထားတာဖြစ်ပါတယ်။

စက်ရုပ်လေးရဲ့ လိုအပ်ချက်ကတော့ ပစ္စည်းပို့တဲ့လူတွေလို အိမ်ရှေ့ထိမပို့ပေးနိုင်တာဖြစ်ပါတယ်လို့ သုံးစွဲသူတစ်ဦးကပြောပါတယ်။

သုံးစွဲသူတွေအနေနဲ့ လိုချင်တဲ့ပစ္စည်းကို ရွေးချယ်၊ အိမ်လိပ်စာအတည်ပြုပြီး ဖုန်းထဲကနေ ငွေချေလိုက်တာနဲ့ စက်ရုပ်လေးက လာရောက်ပို့ဆောင်ပေးတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags