Melanoma အရေပြားကင်ဆာ ကာကွယ်နိုင်မည့် သြစတြေးလျနိုင်ငံ၏ ကမ္ဘာ့ပထမဆုံး သွေးဖောက်စစ်ဆေးမှု

Melanoma အရေပြားကင်ဆာ ကာကွယ်နိုင်မည့် သြစတြေးလျနိုင်ငံ၏ ကမ္ဘာ့ပထမဆုံး သွေးဖောက်စစ်ဆေးမှု

ဇူလိုင် ၁၈ ။           ။ သြစတြေးလျသုတေသနပညာရှင်တွေဟာ လူတွေကို Melanoma အရေပြားကင်ဆာမှ ကာကွယ်ပေးနိုင်ရန်အတွက် ကမ္ဘာ့ပထမဆုံး သွေးဖောက်စစ်ဆေးမှုကို တီထွင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Melanoma အရေပြားကင်ဆာဟာ နေလောင်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ Melanoma ကင်ဆာဆဲလ်တွေ လူရဲ့ခန္ဓာကိုယ်မှာ မပြန့်နှံ့သေးခင်မှာ ရောဂါကို ရှာဖွေတွေ့ရှိနိုင်တဲ့ ကုထုံးအသစ်ဖြစ်တယ်လို့ Edith Cowan တက္ကသိုလ်ရဲ့ သိပ္ပံပညာရှင်တွေကပြောပါတယ်။

Melanoma အရေပြားကင်ဆာရောဂါ ပထမအဆင့်ရှိတဲ့ လူနာတွေကို အချိန်မီကုသပေးနိုင်မှာဖြစ်တဲ့အတွက် လူနာပေါင်း ၉၀-၉၉ ရာခိုင်နှုန်းဟာ ၅ နှစ်လောက် အသက်ဆက်ရှင်နိုင်မှာပါလို့ သုတေသနအဖွဲ့ခေါင်းဆောင် Pauline Zaenker ကပြောပါတယ်။

ကင်ဆာဆဲလ်တွေ တစ်ကိုယ်လုံးကိုပြန့်သွားခဲ့ရင်တော့ အသက်ရှင်ဖို့ရာခိုင်နှုန်းဟာ ၅၀ ရာခိုင်နှုန်း လောက်ပဲရှိပါတယ်။ ဒါကြောင့် အခုလိုသွေးဖောက်စစ်ဆေးနိုင်ရင် ရောဂါအမြစ်မတွယ်ခင်မှာ ကုသလို့ရနိုင်မှာ ဖြစ်ပါတယ်လို့ ၎င်းကဆက်ပြောပါတယ်။

သိပ္ပံပညာရှင်တွေအနေနဲ့ ဆေးခန်းတွေမှာ အရေပြားကင်ဆာနဲ့ပတ်သက်ပြီး စစ်ဆေးသွားနိုင်ဖို့အတွက် စမ်းသပ်ချက်တွေ ထပ်မံလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly