အပူပိုင်းမုန်တိုင်း ဖြတ်သွားပြီးနောက် ဖိလစ်ပိုင်တွင် ရေကြီး

အပူပိုင်းမုန်တိုင်း ဖြတ်သွားပြီးနောက် ဖိလစ်ပိုင်တွင် ရေကြီး

ဇူလိုင် ၁၇ ။             ။ အပူပိုင်းမုန်တိုင်း ဟင်နရီကြောင့် ဖိလစ်ပိုင်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဇူလိုင်လ ၁၇ ရက်တွင် မြို့တော် မနီလာရှိ လမ်းမများ၌ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မနီလာမြို့ရှိ စီးပွားရေးဒေသ မာကာတီတွင် မော်တော်ဆိုင်ကယ်များ၊ ကားများမှာ ရေတောထဲမှ ဖြတ်သန်းမောင်းနှင်သွားနေခဲ့ကြရပြီး လူတစ်ချို့မှာလည်း လက်လုပ် ဖောင်များကို သုံးပြီး ရေထဲ ဖြတ်သန်းနေကြရသည်ကို တွေ့ခဲ့ရသည်ဟု efe-epa သတင်းထောက်က ပြောသည်။

မူလက လေဖိအားနည်းရပ်ဝန်း အဆင့်ကနေ အရှိန်မြင့်လာခဲ့သည့် အပူပိုင်း မုန်တိုင်း ဟင်နရီသည် ဇူလိုင် ၁၇ ရက်တွင် ဖိလစ်ပိုင်ကို ဖြတ်ကျော်သွားပြီ ဖြစ်ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် လက်ရှိအချိန်တွင် ဆိုင်ကလုန်း သတိပေးချက်အားလုံးထုတ်ပြန်ထားမှုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly